အားကစားနယ်ပယ်ထဲအထိ ထိုးဖောက်ဝင်ရောက်လာတဲ့ “Wakanda Forever”

black_panther

Marvel ရဲ့ Black Panther ရုပ်ရှင်ဟာ သာမန် Superhero ရုပ်ရှင်တစ်ကားထက် အများကြီးပိုပါတယ်။ သူ့မှာ အခြားဇာတ်ကားတွေလိုပဲ super power ပိုင်ဆိုင်တဲ့ဇာတ်ကောင်ပါဝင်တာချင်းတူပေမယ့် သယ်ဆောင်လာတဲ့ message ချင်းမတူညီပါဘူး။ ဒါရိုက်တာကအစ အရံဇာတ်ရုပ်တွေအဆုံး လူမည်းတွေကိုပဲ အဓိကအသုံးပြုထားတဲ့ ဒီရုပ်ရှင်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခြင်းခံလာရတဲ့ အာဖရိကန်နွယ်ဖွား လူမည်းတွေကို ခွန်အားပေးလိုက်တာနဲ့အတူတူပါပဲ။ အဲဒါကြောင့်လည်း Black Panther ရုပ်ရှင်ထဲက “Wakanda Forever” ဆိုတဲ့စကားလေးက cultural phenomenon တစ်ခုအနေနဲ့ နယ်ပယ်အသီးသီးက လူမည်းတွေဆီကို စိမ့်ဝင်ပျံ့နှံ့သွားတာပဲဖြစ်ပါတယ်။

Read More

Movie News

No Comments

‘Luke Skywalker’ သရုပ်ဆောင် မင်းသားကြီး Mark Hamill နောက်ဆုံးတော့ Walk of Fame ကြယ်ပွင့်ရရှိခဲ့ပြီ

star-wars-the-last-jedi_mark-hamill

‘Star Wars’ Franchise ထဲက Luke Skywalker ရဲ့သရုပ်ဆောင် ဂန္ဓဝင်မင်းသားကြီး Mark Hamill ဟာ နောက်ဆုံးတော့ Hollywood Walk of Fame မှာ သူ့နာမည်နဲ့ ကြယ်ပွင့်ရရှိတော့မှာဖြစ်ပါတယ်။

 

ကြယ်ပွင့်ပေးအပ်တဲ့အခမ်းအနားကို မတ်လ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ‘Star Wars’ Franchise ရဲ့ဖန်တီးရှင် George Lucas ကိုယ်တိုင်နဲ့ Han Solo သရုပ်ဆောင် Harrison Ford တို့က အခမ်းအနားမှူးတွေအဖြစ် တာဝန်ယူပေးကြမှာဖြစ်ပါတယ်။ Hamill ဟာ ဒီလျှောက်လမ်းပေါ်က ၂၆၃၀ ခုမြောက်ကြယ်ပွင့်ကို ရရှိမှာပဲဖြစ်ပါတယ်။

Read More

Movie News

No Comments

YoonA နဲ့ Park Seo Joon တို့နှစ်ဦး အချိန်ပိုင်းအလုပ်သမားအနေနဲ့ ဘယ်လောက်လုပ်နိုင်ကြမလဲ

အခုလက်ရှိ ထုတ်လွှင့်ပြသနေတဲ့ tvN ရဲ့ ‘Youn’s Kitchen 2‘ နဲ့ JTBC ရဲ့ ‘Hyori’s Homestay‘ ဆိုတဲ့ Programme လေး (၂) ခုကတော့ Variety Show ပုံစံကဲ့သို့ အောင်မြင်နေပါတယ်။ ဒီ Programme တွေရဲ့ဦးတည်ချက်ကတော့ အောင်မြင်ကျော်ကြားတဲ့သူတွေကို part-time အနေနဲ့ အလုပ်လုပ်ခိုင်းပြီး ရိုက်ကူးတင်ဆက်ပြသတာပဲဖြစ်ပါတယ်။

 

Hyori’s Homestay‘ Programme မှာတော့ Girls’ Generation အဖွဲဝင် YoonA က Staff Member တစ်ဦးအဖြစ်နဲ့ part-time ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ‘Youn’s Kitchen 2‘ အစီစဉ်မှာတော့ Park Seo Joon က Part-time အလုပ်သမားတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦး Part-time အလုပ်သမားအနေနဲ့ ဘယ်လောက်လုပ်နိုင်မလည်း၊ ပိုက်ဆံတွေ ဘယ်လောက်ရှာနိုင်မလည်းဆိုတာကတော့ စိတ်ဝင်စားစရာပါရှင့်။

Read More

မင်းသားချောလေး Park Bo Gum ရဲ့ ကျောင်းသားဘဝပြီးဆုံးခဲ့

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက် နေ့မှာ မင်းသားချောလေး Park Bo Gum တစ်ယောက်ဘွဲ့ရသွားပါပြီ။ လှပတည်ကြည်တဲ့ အပြုံးနုနုလေးတွေနဲ့ အမြဲတက်ကြွနေတဲ့ Park Bo Gum ဟာ သူ့ရဲ့ လေးနှစ်တာကောလိပ်ကျောင်းသားဘဝကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ပြီးသွားပြီ ဖြစ်ပါတယ်။

 

၂၀၁၄ခုနှစ် Yongin မှာရှိတဲ့ Myongi University ကို Musical Theatre Major နဲ့ဝင်ရောက်ခဲ့ပါတယ်။ စာသင်နှစ်လေးနှစ်လုံး အရမ်းကိုလိမ္မာပြီး ထူးချွန်တယ်လို့ ပြောပါတယ်။ လေးနှစ်တာကာလပြီးမြောက်တဲ့အခါမှာ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အခမ်းအနားမစခင်မှာ “ဒီနေရာအထိလာပေးတဲ့အတွက်သူအရမ်းကျေးဇူးတင်ပါတယ်” လို့ပြောခဲ့ပါတယ်။ “အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်၊ လေးနှစ်လုံး သူအများကြီးလေ့လာသင်ယူခဲ့ပါတယ်။ ကျောင်းက အတန်းဖော်တွေ စီနီယာတွေ ဂျူနီယာတွေနဲ့ ဆရာဆရာမကြီးတွေအားလုံးရဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်” လို့ပြောခဲ့ပါတယ်။

Read More

ဂျပန်-မြန်မာ ချစ်ကြည်ရေးအတွက် ရိုက်ကူးထားတဲ့ “ဇာတိမြေ”

၂၀၁၇ ခုနှစ်ကတည်းက စတင်ရိုက်ကူးခဲ့တဲ့ ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကြီးကို အခု ၂၂.၂.၂၀၁၈ (ကြာသပတေးနေ့) မှာ ဆိုရင်တော့ Premier show ကို သမ္မတရုပ်ရှင်ရုံကြီးမှာ အကြိုပြသတော့မှာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ အဓိကပါဝင်တဲ့ ထပ်ဆင့်အကယ်ဒမီ ရန်အောင်၊ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊ အောင်ရဲလင်း နဲ့ ဂျပန်နိုင်ငံမှ မြန်မာသရုပ်ဆောင် J-pop အဆိုတော် မိုရီဆာကီဝင်း တို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်ထားတဲ့ ဒါရိုက်တာကတော့ ကြည်ဖြူသျှင် ဖြစ်ပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေးရည်ရွယ်ချက်အတွက် ရိုက်ကူးထားတာဖြစ်တဲ့ ရုပ်ရှင်တစ်ကားဖြစ်တာကြောင့် ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အဓိကနေရာဒေသတွေရဲ့ အလှအပတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။

ဂျပန်-မြန်မာချစ်ကြည်ရေးဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်

Read More

သေပြီဆိုတဲ့ သတင်းကို ဖြေရှင်းလိုက်တဲ့ ကမ္ဘာကျော်မင်းသားကြီး Sylvester Stallone

အသက် (၇၁) နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကမ္ဘာကျော်မင်းသားကြီး Sylvester Stallone ကတော့ မကြာခင်ရက်ပိုင်းက ထွက်ရှိခဲ့တဲ့ ကောလဟလ သတင်းတချို့ကို သူ့ရဲ့ official Instagram ကနေ ဖြေရှင်းလိုက်ပါတယ်။ Social media တစ်ခုဖြစ်တဲ့ Facebook စာမျက်နှာထက်မှာ facebook အသုံးပြုသူလူတစ်ဦးဖြန့်လိုက်တဲ့ သတင်းတစ်ခုက ကမ္ဘာအရပ်ရပ်ကို ပျံ့နှံ့သွားခဲ့ပြီး

Read More

ကြည့်ပြီးရင် တစ်ကိုယ်လုံးအရည်ပျော်သွားလောက်အောင် ချစ်ဖို့ကောင်းတဲ့ ‘Pandas’ ရဲ့ Trailer

Pandas_2018_Warner_Bros_IMAX

Warner Bros က Justice League မှာကွဲခဲ့သမျှကို အဖတ်ပြန်ဆယ်မယ့် သူ့ရဲ့လျှို့ဝှက်လက်နက်ကို ထုတ်ပြလိုက်ပါပြီ…

 

လူတစ်ချို့ကတော့ ပြောနေကြပါတယ်.. Warner Bros က Justice League မှာရှုံးခဲ့သမျှ ဒီရုပ်ရှင်နဲ့ပြန်သိမ်းကျုံးယူမှာတဲ့..

 

နောက်ပြောင်ပြီးပြောနေတာ အသိသာကြီးဖြစ်ပေမယ့် ဒီနေ့ထုတ်ပေးလိုက်တဲ့ ဒီ Trailer လေးကို ကြည့်ပြီးချိန်မှာတော့ ဒါကြီးကတကယ်ဖြစ်နိုင်တယ်ဟ ဆိုပြီး ဇဝေဇဝါတောင် ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့်များလည်း… တမုန်းကို ချစ်စရာကောင်းလွန်းလို့ပါ ?

Read More