တာထွက်ကြမ်းခဲ့တဲ့ Avengers: Infinity War – Box Office စံချိန်ပေါင်းစုံကို ရိုက်ချိုး

avengers-infinity-war_infinity_stone

Avengers: Infinity War ကတော့ စံချိန်ပေါင်းစုံ ရိုက်ချိုးပြီး တာထွက်ကြမ်းခဲ့ပါတယ်။ စတင်ပြသတဲ့ Weekend မှာ အမေရိကန်နိုင်ငံတွင်းမှာ ဒေါ်လာသန်း ၂၅၀ ရရှိခဲ့ပြီး အခြားနိုင်ငံတွေကရတာတွေနဲ့ပေါင်းလိုက်ရင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စုစုပေါင်း ဒေါ်လာသန်း ၆၃၀ ရရှိခဲ့ပါတယ်။ ဒါဟာ ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ တင်ထားခဲ့တဲ့ စံချိန်ပေါင်းများစွာကို ရိုက်ချိုးသွားခဲ့တာပဲဖြစ်ပါတယ်။ ဘယ်လိုစံချိန်တွေကိုချိုးသွားခဲ့တာလဲ.. ကြည့်လိုက်ကြရအောင်ပါ။
Read More

Alexander McQueen ရဲ့ Documentary Official Teaser Trailer ထွက်ရှိလာ…

Alexander McQueen ဆိုတာကတော့ ကမ္ဘာ့ဖက်ရှင်လောကကို လွှမ်းမိုးထားနိုင်တဲ့ အကြီးဆုံးဖက်ရှင် brand တွေထဲက brand တစ်ခုဖြစ်ပါတယ်။ အခုချိန်မှာတော့ McQueen ရဲ့ new documentary အတွက် trailer အမြည်းလေးထွက်ရှိလို့လာပါပြီ။ ဒါရိုက်တာအဖြစ် Ian Bonhôte ကရိုက်ကူးထားပြီး McQueen ရဲ့ ဘဝနဲ့ အလုပ်အကိုင်များ ရာဇဝင်များအကြောင်းအပြင် ဒီဇိုင်နာဘွဲ့ယူတဲ့ အစကနေ ၁၉၉၇ ခုနှစ်မှာ Givenchy brand ရဲ့ chief designer ဖြစ်ခဲ့တဲ့အကြောင်းတွေကိုပါ ထည့်သွင်းရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။  Read More

မင်းသားကြီး Sanjay Dutt ရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ကူးထားတဲ့ Sanju ရုပ်ရှင်ထွက်ရှိလာတော့မည်…

ဘောလီးဝုဒ်ရဲ့ နာမည်ကျော် မင်းသားတစ်ဦး ဖြစ်တဲ့ Sanjay Dutt ရဲ့ ဘဝဇာတ်ကြောင်းကိုရိုက်ကူးထားတဲ့ Sanju ဆိုတဲ့ရိုက်ရှင်ကားကို ရိုက်ကူးထုတ်လုပ်နေပြီဖြစ်ပါတယ်။ မင်းသားကြီး Sanjau Datt ဟာ Bollywood လောကရဲ့ နာမည်ကျော်မိဘနှစ်ပါးက မွေးဖွားလာသူဖြစ်ပြီး
ကိုယ်တိုင်လဲ အောင်မြင်တဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။ Sanjay ဟာလက်ရှိမှာ အသက် ၅၈နှစ်ရှိပြီဖြစ်ပြီး အခုအချိန်အထိ ရုပ်ရှင်ကားတွေမှာ ခေါင်းဆောင်နေရာက ရိုက်ကူးနေဆဲဖစ်ပါတယ်။ သူ့ရဲ့ နာမည်ကျော် Munna Bai ရုပ်ရှင် series ရဲ့ သုံးခုမြောက်ရုပ်ရှင်ကလည်း 2018 ခုနှစ်ထဲမှာပဲထွက်ရှိလာတော့မှာပါ။ Sanjay Dutt ဟာထောင်ကျခဲ့ဘူးသလို ဘဝမှာ Read More

Chicken Run 2 ထုတ်မယ်လို့ ကြေညာလိုက်ပြီ

chicken-run

လူကြီးတွေနဲ့ 90’s Born တွေကတော့ ၂၀၀၀ ခုနှစ်ကထွက်ခဲ့တဲ့ Chicken Run ဆိုတဲ့ ကာတွန်းကားလေးကို ကြည့်ဖူးကြလောက်မှာပါ။ သူတို့ကိုသတ်ပြီး Chicken Pie လုပ်ဖို့ကြံစည်နေတဲ့ ကြက်ခြံပိုင်ရှင်လက်ထဲကနေ အသက်လုပြီးထွက်ပြေးကြတဲ့ ကြက်တွေအကြောင်း သရုပ်ဖော်ရိုက်ကူးထားတဲ့ ဒီ Stop-Motion ကာတွန်းကားဟာ အက်ရှင်ပိုင်းရော၊ ဟာသပိုင်းပါ ရသပီပီပြင်ပြင်ပေးနိုင်လို့ အထပ်ထပ်အခါခါ ပြန်ကြည့်ဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။
Read More

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးကို ထပ်မံရုံတင်ပြသ

မြန်မာတစ်နိုင်ငံလုံး၏ အနယ်နယ်အရပ်ရပ်မှ ပရိသတ် အသီးသီးရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကို (၂၇.၄.၂၀၁၈ မှ ၃.၅.၂၀၁၈) ထိ JCGV နဲ့ Mega Ace Cimeplex ရုပ်ရှင်ရုံကြီးများတွင် ထပ်မံရုံတင်ပေးသွားမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။ ဒီဇာတ်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အမျိုးသမီး ဒါရိုက်တာအသစ် Christina Kyi ကရိုက်ကူးပုံဖော်ထားပြီး အဓိကသရုပ်ဆောင်တွေအြဖစ် ဇဏ်ခီ၊ သက်မွန်မြင့်၊ မင်းဦး၊ အောင်မြင့်မြတ်နဲ့ ထိုင်းမင်းသမီး Kaew Korravee တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဥပါယ်တံမျဉ်ရဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ ဇာတ်အိမ်ကို တည်ဆောက်သွားတဲ့ပုံစံက Read More

သူငယ်ချင်းဖြစ်သူရဲ့ တော်ဝင်မင်္ဂလာပွဲကို တက်ရောက်မယ့် အိန္ဒိယမင်းသမီး Priyanka Chopra

နာမည်ကျော် အိန္ဒိယမင်းသမီးချော Priyanka Chopra က သူမရဲ့ သူငယ်ချင်းဖြစ်သူ Meghan Markle နဲ့ Prince Harry တို့ရဲ့ တော်ဝင်မင်္ဂလာပွဲကို တက်ရောက်မှာ ဖြစ်တယ်လို့ Us Weekly ကိုပြောကြားပါတယ်။ သူမကတော့ မင်္ဂလာပွဲအတွက် မင်္ဂလာပွဲတက်ဝတ်စုံကို စိတ်ကူးထားတာတွေ ရှိပေမယ့်လည်း ဘာဝတ်ရမှန်း မသိသေးပါဘူး လို့လည်း ပြောကြားခဲ့ပါသေးတယ်။ သူတို့ သူငယ်ချင်း နှစ်ယောက်ရဲ့ ခင်မင်မှုဟာ

Read More

Conjuring ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ The Nun ရုပ်ရှင်ထွက်ရှိလာတော့မည်…

2013 ခုနှစ်မှာ The Conjuring ရုပ်ရှင် Hit ဖြစ်ပြီးနဲ့နောက် အဆက်ဖြစ်တဲ့ The Conjuring-2 ကို 2016 မှာပြသခဲ့သလို The Conjuring Universe ထဲကတစ်ခြား ဇာတ်ကောင်ဖြစ်တဲ့ အရုပ်သရဲ Annabelle ဇာတ်ကောင်ကို The Annabelle (2014)  နဲ့ Annabelle: Creation(2017) ဆိုပြီး အပိုင်းနှစ်ပိုင်းခွဲကာ ရိုက်ကူးထုတ်လုပ်ခဲ့ပြီးအောင်မြင်ခဲ့ပါတယ်။ The Conjuring-2 ကိုကြည့်ပြီးသူတိုင်း အဲ့ဒီရုပ်ရှင်ထဲက ဒုက္ခပေးနေတဲ့ သီလရှင်သရဲကို စိတ်ဝင်စားခဲ့ကြပါတယ်။ အဲ့ဒီဇာတ်လမ်းထဲမှာတော့ အဲ့ဒီသီလရှင် Read More

ချစ်စဖွယ် ကာတွန်းလေး ‘Smallfoot’ ရဲ့ ပထမဦးဆုံး Trailer ထွက်ပြီ

smallfoot

အရပ်ကိုးပေးလောက်ရှိပြီး တစ်ကိုယ်လုံးအမွှေးတွေနဲ့ ဖုံးလွှမ်းနေပါတယ်ဆိုတဲ့ Bigfoot ဆိုတဲ့ သတ္တဝါက နာမည်သာကြီးတာ သူတို့တကယ်ရှိကြောင်း ဘယ်သူမှသက်သေမပြနိုင်သေးပါဘူး။ သူတို့တကယ်ရှိကြောင်း ယုံကြည်တဲ့သူတွေရှိသလို သူတို့ကို ပုံပြင်သာသာလောက်သာ သဘောထားတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ Bigfoot ကတော့ လူတွေရဲ့အတွေးတစ်နေရာကို ရယူပိုင်ဆိုင်ထားနိုင်တဲ့ ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ Read More

Infinity War က Star Wars: The Force Awakens ကိုကျော်ပြီး Box Office စံချိန်ချိုးဖို့ အလားအလာရှိနေ

avengers-infinity-war

မကြာမီပြသတော့မယ့် Avengers: Infinity War ပထမဆုံးစတင်ပြသတဲ့ ရက်သတ္တပတ်မှာ ဒေါ်လာသန်း ၂၂၅ သန်းကနေ ၂၄၅ သန်းကြားရရှိနိုင်တယ်လို့ ခန့်မှန်းခြေထွက်နေပြီး နံပါတ် ၁ နေရာက Star Wars: The Force Awakens ရရှိထားခဲ့တဲ့ ဒေါ်လာ ၂၄၇ သန်းစံချိန်ကို ချိုးနိုင်ဖို့အလားအလာတွေရှိနေတာဖြစ်ပါတယ်။

 

ဒီလိုမျိုးခန့်မှန်းခြေထွက်တာကလည်း မဆန်းပါဘူး။ MCU တစ်လျှောက်လုံး ဆယ်စုနှစ်တစ်ခုစာ တည်လာခဲ့တဲ့ဇာတ်က အခုလာမယ့် Infinity War မှာ ဇာတ်ပေါင်းထုပ်ကြမှာဆိုတော့ လူတွေက အမှန်အကန် Hype နေကြတာပါ။ နိုင်ငံခြားမပြောနဲ့.. မဖြစ်စဖူး အဖြစ်ထူးပြီး မြန်မာနိုင်ငံထဲမှာကို လက်မှတ်စရောင်းတဲ့နေ့ကတည်းက ၂ရက်၊ ၃ ရက်စာလောက် Sold Out တွေဖြစ်ကုန်တဲ့အထိပါ။
Read More

Avengers လို ပေါ့ရွှတ်ရွှတ် Sci-fi တွေ တော်သင့်ပြီလို့ပြောလိုက်တဲ့ ဒါရိုက်တာ James Cameron

avatar_james_cameron

Titanic, Terminator နဲ့ Avatar ရုပ်ရှင်တွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး James Cameron က Avengers လို ဇာတ်ကားတွေကို လူတွေမကြာခင် ငြီးငွေ့သွားကြဖို့ မျှော်လင့်နေမိတယ်လို့ ဆိုလာပါတယ်။

 

သူ့အနေနဲ့ Avengers ရုပ်ရှင်ဇာတ်ကားတွေကို နှစ်သက်ပေမယ့် ဒီနောက်ပိုင်းမှာ သူ့လိုဇာတ်ကားတွေက အရမ်းလွှမ်းမိုးလာလို့ ရှုထောင့်သစ်နဲ့ Sci-fi ဇာတ်ကားတွေထွက်ပေါ်လာဖို့ မျှော်လင့်မိတယ်လို့ ပြောကြားသွားတာဖြစ်ပါတယ်။ အဲဒီဇာတ်ကားတွေထဲမှာ စူပါပါဝါနဲ့ ယောက်ျားကြီးတွေက ဇာတ်ကားကြာချိန် ၂ နာရီအတွင်း မြို့တွေထဲမှာ သောင်းကျန်းပြတာက ကြာတော့ရိုးအီလာပြီ.. Sci-fi ဆိုတာ ဒါထက်မကပါဘူးလို့ ပြောကြားထားခဲ့ပါတယ်။
Read More