Horror ကိုမှ အသည်းတစ်အေးအေး ကြည့်ချင်သူတွေအတွက် Ghostland

ရုပ်ရှင်ရုံထဲမှာတင် အသည်းတစ်အေးအေး ကြည့်ချင်တဲ့သူပဲဖြစ်ဖြစ်၊ အခွေထွက်မှအိမ်မှာ စောင်ခေါင်းမြီးခြုံပြီး ကြည့်ချင်တဲ့သူပဲဖြစ်ဖြစ် Horror lover မှန်ရင် Ghostland ကိုမဖြစ်မနေအားပေးသင့်ပါတယ်။ ကြည့်ရှုပြီးသူတွေရဲ့ rating အရ Ghostland ဟာ တစ်ကယ့်ကို ကျေနပ်ပီတိဖြာအောင် ကြောက်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ သိရပါတယ်။ Ghostland ရဲ့ထူးခြားချက်က Horror အသားပေးဆိုပေမယ့် ဇာတ်အိမ်ကတကယ်ကို Drama ဆန်ဆန်ဖြစ်နေတာကြောင့် ကြောက်နေရင်းတောင်ဇာတ်လမ်းကို ခန့်မှန်းရတာ အရသာရှိနေတာပါပဲ။ တစ်ချက်တစ်ချက်ဗုံးပေါက်ကွဲသလို ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုးကို Read More

ဘဝင်ရူး Boss နဲ့ အတွင်းရေးမှူး Kim

ခေါင်းစဉ်လေးက တစ်မူထူးခြားနေတယ်ဟုတ်။ မှန်ပါတယ်။ ဒါပေမယ့် ခေါင်းစဉ်တင်အဆန်းဖြစ်နေတာ မဟုတ်ပါဘူး။ ဇာတ်လမ်းလေးကလည်း မိုက်လွန်းပါတယ်။ အခုတလောကိုရီးယားမှာ Hot ဖြစ်နေတဲ့ ဇာတ်လမ်းတွဲလေးကတော့ What’s Wrong with Secretary Kim ပဲဖြစ်ပါတယ်။ ဒီဇွန်လပိုင်းမှ tvN ကနေ လောလောလတ်လတ်စတင်ထုတ်လွှင့်ပြသနေတဲ့ What’s Wrong with Secretary Kim ကိုတော့ Director Park Joon Hwa ကရိုက်ကူးခဲ့တာဖြစ်ပြီး IMDb မှာ လက်ရှိအထိ rating 8.4 ရရှိထားပါတယ်။ ဇာတ်ဆောင်အနေနဲ့ Witch’s Romance, Kill me Heal me, Fight for My Way စတဲ့ဇာတ်ကားတွေနဲ့ ကျော်ကြားခဲ့တဲ့မင်းသား Park Seo Joon,  Queen for Seven Days, Healer စတဲ့ဇာတ်ကားတွေနဲ့ ကျော်ကြားခဲ့တဲ့မင်းသမီး Min Young Park တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

ဒီကားလေးကအချစ်ဇာတ်မြူးကားလေးဖြစ်ပြီး အပိုင်း ၁၆ ပိုင်း ပါဝင်ပါတယ်။ ဒုဥက္ကဌတစ်ယောက်တစ်ဖြစ်လဲ Read More

စိတ်ကူးယဉ်ဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် The Darkest Minds

ဒီတခါတော့ ထူးထူးခြားခြား စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်ကားမျိုးကို ကြိုက်နှစ်သက်သူတွေအတွက် science fiction ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားရဲ့ နာမည်လေးက The Darkest Minds လို့အမည်ရပြီး နာမည်ကြားလိုက်ရုံနဲ့တင် သာမာန်မဟုတ်တဲ့ ဇာတ်ကားမျိုးဆိုတာ သိနိုင်ပါတယ်။ Stranger Thins တို့ Arrival တို့လို့ ဇာတ်ကားမျိုးကို ထုတ်လုပ်ထားတဲ့ 21 Laps Entertainment ကနေ ထုတ်လုပ်ထားတဲ့ ဇာတ်ကားဖြစ်ပြီး official release date ကိုတော့ သြဂုတ်လ ၃ ရက်နေ့ ပိတ်ကားပေါ် မှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

 

ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်နိုင်ငံမှာ ပလိပ်ရောဂါကြောင့် ကလေးတော်တော်များများ သေဆုံးချိန် Read More

ရုံတင်တော့မယ့် ‘Ant-Man and The Wasp’

အခုလာမယ့် အပတ်ကတော့ Superhero fan တွေစောင့်မျှော်နေတဲ့ နေ့ရက်အသစ်လေးဖြစ်ပါတယ်။ အဓိက Marvel fan တွေရဲ့ နေ့ဆိုလည်း မမှားဘူးပေါ့။ Avengers-Infinity War ပြီးဆုံးသွားချိန်မှာတော့ Marvel fan တွေ အားလုံးဟာ ၂၀၁၉ မှာပြသမယ့် Avengers 4 ကိုစောင့်မျှော်နေကြပြီး infinity War နဲ့ Avengers 4 ကို တိုက်ရိုက်ချိတ်ဆက်ပေးမယ့် Ant Man ဇာတ်လမ်းကိုလည်း စောင့်မျှော်နေကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ Avengers-Infinity War ပြီးသွားတာ ၃လ နီးပါးကြာသွားချိန်မှာတော့ Marvel Studio ကနေ Ant Man and the Wasp ဆိုတဲ့ ဇာတ်ကားကြီးကို ပရိသတ်လက်ထဲ အရောက်ပို့လိုက်ပါပြီ။

 

နောက်ထပ် ကျေနပ်စရာကောင်းတာတစ်ခုက မြန်မာနိုင်ငံမှာလည်း Marvel ရဲ့ official released date Read More

အဝင်းပါတဲ့ My Country My Home – ဇာတိမြေ ဇာတ်ကားကြီး ရုံတင်တော့မယ်တဲ့နော်…

ပျိုမေတွေရဲ့ အသဲစွဲ မိုရီဆာကီဝင်း ခေါ် အဝင်း နဲ့ ရိုက်ကူးထားတဲ့ My Country My Home ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တော့မည်ဖြစ်ကြောင်း JCGV မှ ကြေငြာလိုက်ပါတယ်။ ဂျပန်-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တာကြောင့် မြန်မာနိုင်ငံတွင်သာမက ဂျပန်နိုင်ငံမှာပါ သွားရောက်ရိုက်ကူးထားတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ အဝင်း ကတော့ ဂျပန်ပြည်မှာ နေထိုင်တဲ့ အနုပညာရှင် မြန်မာလူမျိုးတစ်ယောက်ဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရိုက်ကူးရတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာရုပ်ရှင်တွေသာမက Hollywood ရဲ့နာမည်ကျော်ကြား Read More

ချစ်သူတွေဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်တဲ့ အိန္ဒိယမင်းသမီးချောလေး Priyanka Chopra နဲ့ Nick Jonas

အသက် ၃၅နှစ်အရွယ်ရှိ အိန္ဒိယရဲ့ အကျော်အမောမင်းသမီးချောလေး Priyanka Chopra ကိုတော့ ရင်းနီးပြီးသားလို့ ထင်ပါတယ်။ Priyanka Chopra ရဲ့ကျော်ကြားမှုကတော့ အိန္ဒိယမှာတင်မက နိုင်ငံတကာထိ ထိုးဖောက်ထားပြီး မြန်မာနိုင်ငံမှာလည်း Chopra ကို တော်တော်လေးကြိုက်ကြတာ တွေ့ရပါတယ်။ မကြာသေးခင်က သူမရဲ့ relationship နဲ့ပတ်သက်ပြီးတော့ အသက် ၂၅နှစ်အရွယ် အမေရိကန် အဆိုတော် မင်းသား တစ်ယောက်ဖြစ်တဲ့ Nick Jonas (Jumanji: Welcome to the Jungle ဇာတ်လမ်းကို ကြည့်ဖူးသူဆိုရင်တော့ ရင်နီးပြီးသားဖြစ်မှာပါ) နဲ့ ကောလဟာလသတင်းတွေ ထွက်ခဲ့ပေမယ့်လည်း ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ သူတို့နှစ်ဦးဟာ ချစ်သူရည်စားတွေ ဖြစ်နေတဲ့အကြောင်းကို ထုတ်ဖော်မပြောကြသေးပေမယ့် မကြာခဏဆိုသလို သူတို့နှစ်ဉီးရဲ့ ဓာတ်ပုံတွေ Read More

အချစ်ကြောင့် ရာဇဝင်တွေ ဘယ်လိုများရိုင်းသွားအုံးမှာလဲ?

ဒီတခါတော့ အချစ်မှ အချစ် တနည်းအားဖြင့် အချစ်ကိုကိုးကွယ်တန်ဖိုးထားရတဲ့ ပရိသတ်တွေအတွက် အချစ်ဆိုတဲ့အရာကြောင့် လူတစ်ယောက်ရာဇဝင်ရိုင်းခဲ့ရတယ်ဆိုတာမျိုးကို ဖန်တီးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တကားနဲ့မိတ်ဆက်ပေးလိုပါတယ်။ ဒီဇာတ်ကားကိုတော့ ချစ်စရာ အချစ်မျက်ဝန်းပိုင်ရှင်မင်းသမီးလေးလို့ တင်စားခံရတဲ့ ဇင်ဇင်ဇော်မြင့်ရဲ့ CKKP ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ပထမဆုံးပွဲဉီးထွက်အနေနဲ့ ဒါရိုက်တာ ရွှေရေးထင်ထင် ကိုယ်တိုင် သူမရဲ့ဇာတ်ညွှန်းကို  ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် ဇေရဲထက်၊ ရဲအောင်၊ Read More