Thor ကို စစ်သားတစ်ယောက်အဖြစ် မြင်တွေ့ရဉီးမယ့် 12 STRONG

အားလုံးစောင့်မျှော်နေကြတဲ့ Chris Hemsworth ရဲ့ 12 Strong ကို မကြာခင်ရုံတင်ပါတော့မယ်။ ဒီဇာတ်ကားထဲမှာတော့ Chris Hemsworth ကို အရင်လို Thor ရဲ့ Super Hero ပုံစံနဲ့ မြင်တွေ့ရမှာ မဟုတ်ဘဲ Captain Mitch Nelson ဆိုတဲ့ ဇာတ်ရုပ်နဲ့ တကယ့်လက်တွေ့ဘဝ စစ်သားတစ်ယောက်အဖြစ်မြင်တွေ့ရမှာ ဖြစ်ပါတယ်။  Horse Soldiers ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်လမ်းရဲ့ပုံစံကတော့ September 11 attacks ရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူကို ဖော်ထုတ်ဖို့ရန် CIA နဲ့ US Special Forces တပ်ဖွဲ့ဝင် အဖွဲ့သား ၁၂ ယောက်တို့ရဲ့ ဖော်ထုတ်ပုံအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ၂၀၁၈ ရဲ့. ဇန်နဝါရီလထဲမှာ release လုပ်မှာဖြစ်လို့ Thor ရဲ့ fan တွေ စောင့်မျှော်ကြပြီး trailer လေးကိုကြည့်ရင်း ရင်ခုန်လို့ရအောင် သတင်းကောင်းပါးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *