ရင်ခုန်ရတော့မယ် အကယ်ဒမီ ညတစ်ည

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းနားကို ၂၀၁၈  မတ်လထဲမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အကယ်ဒမီစာရင်းဝင်း ဇာတ်ကားပေါင်း ၅၃ ရှိနေပြီလို့လည်း သိရှိရပါတယ်။ ဒီနှစ်ရဲ့ အကယ်ဒမီထူးချွန်ဆုကို ယခင်နှစ်များနှင့်မတူဘဲ ယခင်နှစ်များမှာ ရွှေ ၂ကျပ်သားချီးမြှင့်ပေးခဲ့ရာ ဒီနှစ်မှာတော့ ရွှေသား ၅ကျပ်သားထိ ချီးမြှင့်ပေးသွားမှာ ဖြစ်သည့်အပြင် တစ်သက်တာရုပ်ရှင်ထူးချွန်ဆုများအတွက် သက်ရှိထင်းရှားရှိနေစဉ်ကာတလျှောက်လုံး လစဉ်ချီးမြှင့်ငွေပါ ချီးမြှင့်ပေးသွားမှာဖြစ်တယ်ဆိုတဲ့ အကြောင်းကို ရုပ်ရှင်အစည်းရုံးဥက္ကဌ ဦးဇင်ဝိုင်းက သူ့ရဲ့ Facebook မှာပြောကြားထားတာကိုလည်း တွေ့ရပါတယ်။ ဒီနှစ်ရဲ့ နောက်ထပ်ထူးခြားမူတစ်ခုကတော့ ရွှေစာအုပ်တစ်အုပ်နဲ့ငွေစာအုပ်တစ်အုပ်ထားရှိသွားမှာဖြစ်ပါတယ်။ ရွှေစာအုပ်မှာဆိုရင်တော့ ရှေ့ကအကယ်ဒမီရရှိတဲ့သူတွေနဲ့ ယနေ့ထိအကယ်ဒမီဆုရရှိထားတဲ့သူတွေ လက်မှတ်ရေးထိုးရမှာဖြစ်ပြီး ငွေစာအုပ်ကတော့ ပွဲတတ်တဲ့ အနုပညာရှင်တွေ အတတ်ပညာရှင်တွေ အားလုံးလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။

ယခုလက်ရှိမှာ တစ်ကြိုဝင်ထားတဲ့ အမျိုးသမီးဇာတ်ဆောင်ဆုစာရင်းတချို့ကတော့ အိန္ဒြာကျော်ဇင်၊ မေသန်းနု၊ စိုးပြည့်သဇင်၊ ရွှေမှုန်ရတီ၊ ဖွေးဖွေး၊ အိချောပို၊ အေးမြတ်သူ၊ ဝတ်မှုံရွှေရည်၊ ပိုင်ဖြိုးသုနဲ့ မိုးဟေကို တို့ဖြစ်ပါတယ်။ အမျိုးသမီးဇာတ်ပို့ဆုအနေနဲ့ တစ်ကြိုဝင်လာတဲ့ အမျိုးသမီးတွေကတော့ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗိုလ်၊ ထူးမွန်နဲ့ လိုင်လာခမ်းတို့ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *