ပရိသတ်ကို ရင်ခုန်ပျော်ရွှင်မှုတွေ ပေးမယ့် 50 First Dates

အချစ်က လူတစ်ယောက်ကို ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာ ယုံကြလား။ အချစ်စစ်မှန်တယ်ဆိုရင်တော့ လူတစ်ယောက်ကို တကယ် ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ Henry က လူရှုပ်လူပွေ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ပါ။ တနေ့တော့ Henry က Lucy ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဖို့ အကြောင်းဖန်လာပါတယ်။

 

Lucy ဆိုတာကတော့ ကားအက်ဆီးဒင့်တစ်ခုကြောင့် အတိတ်မေ့နေတယ့် ကောင်မလေးတစ်ယောက်ပါ။ Lucy ရဲ့ အတိတ်မေ့ တဲ့ ပုံစံက ထူးဆန်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Lucy က ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို မနက်ဖြန်ကျရင် မမှတ်မိတော့ပါဘူး။

 

ဒီလို ရောဂါဖြစ်နေတဲ့ Lucy ကိုမှ Henry တစ်ယောက် စွဲစွဲလမ်းလမ်း ချစ်မိပါတော့တယ်။ ဒီတော့ Henry ခမျာ တစ်နေ့ တစ်နေ့ Lucy သူ့ကို မှတ်မိလာအောင် ကြိုးစားရပြန်တာပေါ့။ ဒါပေမယ့် Lucy ရဲ့ သူငယ်ချင်းတွေနဲ့ မိဘတွေက အရမ်းကို protective ဖြစ်လွန်းပါတယ်။ အဲ့ဒီအတွက်ကြောင့်လဲ Henry ခမျာ တစ်ခါထပ်ပြီး Lucy ရဲ့ သူငယ်ချင်းတွေနဲ့ မိဘတွေ သူ့ကို ယုံလာအောင် ကြိုးစားရပြန်ပါသေးတယ်။

 

ဒီလို ဇာတ်လမ်းလေးကို Comedy Romance ပုံလေး ဖန်တီးထားတဲ့ အတွက် ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရတာ အဆင်ပြေစေမှာပါ။ ရုပ်ရှင်နာမည်လေးကတော့ 50 First Dates ပါ။ မင်းသားကြီး Adam Sandler နဲ့ မင်းသမီး Drew Barrymore တို့ပါဝင်သရုပ်ဆောင်ထားပြီးတော့ 2004 ခုနှစ်က ထွက်ရှိထားတာဖြစ်ပါတယ်။ Valentine Day နေ့ အမှီ February 13 ရက်နေ့မှာ ထွက်ရှိခဲ့တာပါ။ ဒါရိုက်တာ Peter Segal က ရိုက်ကူးထားပြီးတော့ IMDb rating 6.8/10 ရရှိထားပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *