လမ်းပျောက်သွားတဲ့ ခွေးလေးတစ်ကောင်အကြောင်း A Dog’s Way Home

တိရစ္ဆာန်လေးတွေ အထူးသဖြင့် ခွေးလေးတွေကို ချစ်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီကားလေးဟာ လက်မလွှတ်တမ်း ကြည့်ရှုရမယ့်ကားလေးတစ်ကား ဖြစ်ပါတယ်။ ငယ်ငယ်လေးထဲကနေ ခေါ်ယူမွေးစားထားတဲ့ Bella လို့ ခေါ်တဲ့ ခွေးမလေးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။

 

Bella ဆိုတဲ့ ခွေးမလေးက အရမ်းကို လိမ္မာပြီး သခင်ကို အရမ်းတွယ်တာတတ်တဲ့ ခွေးမလေး တစ်ကောင်ပါ။ သခင်အပြင်ကနေ ပြန်လာရင်လည်း ကြိုပြီးတော့ သခင်ကလည်း အတူတူသွား၊ အတူတူဆော့နဲ့ အရမ်းကို ပျော်စရာကောင်းခဲ့တာပါ။ ဒါပေမဲ့ Bella တစ်ယောက်က သူ့သခင်နဲ့ ဆော့ရတာ အပြင်ကို ရှဥ့်တွေ လိုက်ဖမ်းရတာလည်း သဘောကျပါသေးတယ်။

 

တစ်နေ့မှာတော့ ခြံထဲမှာတွေ့တဲ့ ရှဥ့်လေးနောက်ကို လိုက်ရင်း Bella တစ်ကောင် ပျောက်သွားခဲ့ပါတယ်။ တောထဲကို ရောက်မှန်းမသိ ရောက်သွားတဲ့ Bella တစ်ကောင် တောထဲမှာ ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ၊ အိမ်ကိုရော ပြန်ရောက်နိုင်ပါ့မလားဆိုတာကို ရိုက်ကူးပုံဖော်ထားတဲ့ ကားလေး ဖြစ်ပါတယ်။

 

တောထဲမှာ လမ်းပျောက်သွားတဲ့ပုံစံမျိုးအခန်းတွေကိုတော့ Vancouver, British Columbia, Canada စတဲ့နေရာတွေမှာ ရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် အဲ့နေရာတွေရဲ့ သဘာဝအလှအပကိုလည်း ခံစားရမှာပါ။

 

Janurary 2019 မှာ ထွက်ရှိခဲ့ပြီးတော့ IMDb မှာ rating 6.5/10 ရရှိထားပါတယ်။ Adventure, Family အမျိုးအစားဖြစ်ပြီး 96 မိနစ်ကြာမြင့်ပါတယ်။ ဒါရိုက်တာ Charles Martin Smith က ရိုက်ကူးပုံဖော်ထားပြီး အမေရိကန်ဒေါ်လာ ခန့်မှန်းခြေ 18 မီလီယံလောက် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *