မြန်မာ့တရားစီရင်ရေးကို မီးမောင်းထိုးပြမယ့် သမ္မတကြီးထံပေးစာ ရုပ်ရှင်ကားကြီး

ဒီဇာတ်ကားအကြောင်းမပြောခင် အရင်ဆုံးပြောပြချင်တာက မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ကျေနပ်မိတာလေးတစ်ခုကိုပါ။ မြန်မာရုပ်ရှင်ကားတွေမှာ ပေါကားတွေသာဆက်တိုက်ထွက်ရှိပေမဲ့ ဒီ ၂၀၁၈ ခုနှစ်ထဲမှာ အရည်အသွေးကောင်းလှတယ်မဆိုသာသော်လည်း ပေါကားလို့မပြောနိုင်တဲ့ ဇာတ်ကားလေးတွေ အရည်အတွက်အားဖြင့်မများလှသော်လည်း မကြာခဏထွက်လာတာကို တွေ့ရပါတယ်။ တခြားနိုင်ငံရုပ်ရှင်တွေလောက် အရည်အသွေးမကောင်းသော်လည်း ကြိုးစားမှုတွေရှိနေပြီဆိုတာကို လက်ခံကြိုဆိုရမှာပေါ့နော်။

 

အခုပြောပြချင်တဲ့ သမ္မတကြီးထံပေးစာ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ဒီလိုမျိုးပါပဲ။ ပေါကားမဟုတ်တဲ့အပြင် နိုင်ငံ့ရဲ့ဥပဒေလောကကို ခြယ်လှယ်နေတဲ့ အာဏာ နဲ့ ငွေ တွေအကြောင်းရိုက်ပြထားတဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ ပထမဆုံးရုပ်ရှင်ပါ။ ဘောလီးဝုဒ်ရုပ်ရှင်ကြည့်ပရိသတ်တွေကတော့ သိပါလိမ့်မယ်။ ဘောလီးဝုဒ်မှာ ဒီလိုရုပ်ရှင်တွေမကြာခဏထွက်ရှိခဲ့သလို လူကြိုက်လည်းများပါတယ်။ ဘောလီးဝုဒ်နဲ့ အခြေအနေခြင်းတူညီတာတွေရှိတဲ့ မြန်မာပြည်ကပြည်သူတွေကလည်း တို့နိုင်ငံမှာ ဒါမျိုးရိုက်ရင်ကောင်းမှာပဲလို့ တွေးမိဖူးကြပါလိမ့်မယ်။

 

အခုတော့ ဘောလီးဝုဒ်နိုင်ငံရေးကားဆန်ဆန်မြန်မာရုပ်ရှင်ကားတစ်ကားပေါ်ထွက်လာပါပြီနော်။ ဆင်းရဲနွမ်းပါးတဲ့ အဘွားအိုတစ်ဦးက မြန်မာနိုင်ငံတော်သမ္မကြီးဆီကို လိပ်မူပြီးရေးသားထားတဲ့ စာတစ်စောင်ကနေ အစပြုလာတဲ့ ဒီဇာတ်လမ်းမှာ အမှန်တရာဘက်တော်သားရှေ့နေမလေး ခက်ခက်ခိုင်အဖြစ် ဖွေးဖွေး၊ ငွေကြေးနဲ့ အာဏာကိုထင်သလိုသုံးတဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦးရဲ့ သားအဖြစ် ချမ်းမင်းရဲထွဋ်၊ သူကိုယ်တိုင်ကျူးလွန်မှုမရှိတဲ့ လူသတ်မှုတစ်ခုရဲ့ တရားခံအဖြစ်စွပ်စွဲခံလိုက်ရတဲ့ အောင်ကျော်အဖြစ် အလင်းရောင် တို့က သရုပ်ဆောင်ထားကြသလို ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဒေါ်စန်းစန်းဝင်း၊ ထွန်းထွန်းဝင်း၊ အရိုင်း၊ ထူးသာအစရှိတဲ့ ဇာတ်ပို့တွေနဲ့အတူ မင်းသမီးသစ် မေဆူးမောင်တို့လည်းပါဝင်ထားကြပါတယ်။

 

စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး၊ လူနေရဲ့ဝတ္ထုကို နေနော်က ဇာတ်ညွှန်းနဲ့ စကားလုံးတွေပုံဖော်ထားပြီး ဒါရိုက်တာ ဝိုင်း စီစဉ်ညွှန်ကြားရိုက်ကူးထားတဲ့ သမ္မကြီးထံပေးစာ ဆိုတဲ့ ဥပဒေနဲ့ နိုင်ငံရေးရုပ်ရှင်ကားကို အောက်တိုဘာလ ၂၀၁၈ မှာ ရုံတင်သွားမှာဖြစ်ပါတယ်နော်။ ဒါကြောင့် စိတ်ဝင်စားသူတွေအနေနဲ့ ၂၀၁၈ အောက်တိုဘာလ ၁၉ ရက်နေ့ကနေစတင်ပြီးရုံတင်သွားမှာဆိုတဲ့အကြောင်း လက်တို့လိုက်ပါတယ်နော်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *