မင်းသားချော Ji Sung နဲ့ မင်းသမီးချောလေး Han Ji Min တို့နှစ်ဦး အချစ်ဒရာမာအသစ်မှာ ပါဝင်သရုပ်ဆောင်

Ji Sung နဲ့ Han Ji Min တို့ဟာ tvN ကနေထုတ်လွှင့်ပြသမည့် Fantasy Romance Drama ဇာတ်ကားသစ်လေးမှာ ဇာတ်ဆောင်မင်းသားမင်းသမီးနေရာတွေကနေပြီး ပါဝင်သရုပ်ဆောင်ကြမှာဖြစ်တယ်လို့ သူတို့နှစ်ဦးလုံးရဲ့ Agency တွေမှနေပြီး အတည်ပြုလိုက်ပါတယ်။ ထုတ်လွှင့်ပြသမယ့် Drama ရဲ့နာမည်ကိုတော့ ယခုလောလောဆယ် ‘Knowing Wife’ ဆိုပြီးကြေညာထားပါတယ်။

 

ဇာတ်လမ်းပုံစံလေးက အရမ်းကို Romance ဆန်လွန်းပါတယ်။ Drama လေးက အက်စီးဒန့်တစ်ခုကိုအမှတ်မထင်ကြုံခဲ့ရပြီး မှော်ဆန်ဆန်စိတ်ဝိဉာန်အပြောင်းအလဲတွေဖြစ်သွားရတဲ့ လင်မယားနှစ်ယောက်ရဲ့ အလွဲအချော်လေးတွေနဲ့ အရမ်းကိုရိုမန့်ဆန်တာလေးတွေကို ရင်ခုန်စွာနဲ့ကြည့်ရမယ့် Drama ပုံစံလေးပါ။

 

Ji Sung က Cha Joo Hyuk ကာရိုက်တာနေရာမှာပါဝင်သရုပ်ဆောင်မှာပါ။ Cha Joo Hyuk (Ji Sung) က ဘဏ်မှာအလုပ်လုပ်နေတဲ့  သာမန်ဝန်ထမ်းတစ်ယောက်ပဲဖြစ်ပါတယ်။ မင်းသမီးလေး Han Ji Min ကတော့ Seo Woo Jin ဆိုတဲ့ အိမ်ထောင်သက် ၅ နှစ်သက်တမ်းရှိတဲ့ အိမ်ရှင်မနေရာမှနေပြီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးရဲ့ အထူးခြားဆုံးဆွဲဆောင်မှုက လက်တွေ့ဘဝကြီးမှာ မှော်ဆန်ဆန်ပြောင်းလဲမှုတွေကြောင့် ဘယ်လိုအလွဲလွဲအချော်ချော်တွေ ဖြစ်လာခဲ့ရသလည်းဆိုတာလေးပဲ ဖြစ်ပါတယ်။

 

A post shared by 지성 (@justin_jisung) on

 

Ji Sung ရဲ့ Agency ကနေပြီး “Ji Sung က ဒီ Drama ထဲမှာ ရိုးသားပြီးဇနီးဖြစ်သူအပေါ် အရမ်းနွေးနွေးထွေးထွေး ဆက်ဆံတတ်တဲ့ယောက်ျားအဖြစ် သရုပ်ဆောင်မှာပါ။ ‘Knowing Wife’ ဇာတ်ကားလေးမှာ Ji Sung က လုံးဝကိုလက်တွေ့အဖြစ်အပျက်သဘာဝကြီးနဲ့ထိတွေ့ပြီးသရုပ်ဆောင်ရမှာပါ။ သူ့ကို ပရိသတ်တွေအနေနဲ့ အများကြီးမျှော်လင့်ပြီး အားပေးကြပါ” ဆိုပြီးပြောထားပါတယ်။

 

Han Ji Min ရဲ့ Agency ဖြစ်တဲ့ BE Entertainment မှ “Ji Min က အကြာကြီးအနားယူပြီး ပထမဦးဆုံးပြန်လည်ရိုက်ကူးထားတဲ့ Drama Series တစ်ခုပါ။ သူမကို ဒီဇာတ်ကားကိုကြည့်ရှုတဲ့သူတွေအတွက် အရမ်းကိုဆွဲဆောင်မှုရှိတဲ့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ်မြင်ရမှာပါ” ဆိုပြီးတော့အာမခံထားပါတယ်။ “သူမကို အရမ်းချစ်ပေးကြပါ၊ အနုပညာအလုပ်တွေကို မလုပ်တော့တာကြာနေပြီဖြစ်ပေမယ့်လို့ သူမကိုပရိသတ်ကြီးတို့က ချစ်ပေးကြမယ်ဆိုရင် သူမအတွက် အားတက်ရစေမှာပါ” လို့လည်း ပြောကြားထားပါတယ်။

 

A post shared by Hanjimin (@roma.emo) on

 

MBC ကနေထုတ်လွှင့်ပြသခဲ့တဲ့ ‘Shopping King Louie’ ဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကနေပြီး ‘Knowing Wife’ ဇာတ်ကားကိုရိုက်ကူးဖန်တီးမှာပါ။ ဇာတ်ညွှန်းရေးဆရာကတော့ ‘Oh My Ghost’, ‘King Of High School’, ‘Weightlifting Fairy Kin Bok Joo’ ဆိုတဲ့ အချစ်ဟာသ ဇာတ်လမ်းကောင်းတွေကို ရေးသားခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာပဲဖြစ်ပါတယ်။ ‘Knowing Wife’ ဆိုတဲ့ Romance Drama လေးကို ၂၀၁၈ ခုနှစ် နှစ်လယ်လောက်မှာ စတင်ရိုက်ကူးထုတ်လွှင့်မယ်ဆိုတာကို အသိပေးရင်း Ji Sung နဲ့ Han Ji Min တို့ရဲ့ အနုပညာလောကထဲကို အကြာကြီးအနားယူပြီးမှ ပထမဦးဆုံးအနေနဲ့ ပြန်လည်ရိုက်ကူးမယ့်ဒီဇာတ်ကားလေးအတွက် ကြိုးစားထားတာတွေကို စောင့်မျှော်ပေးပါဦးလို့…. ။

 

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *