မင်းသားချောလေး Lee Jong Suk ကို Drama အသစ်မှာ ထပ်ပြီးတွေ့မြင်ရဖို့ရှိနေ

SBS ရုပ်သံကနေထုတ်လွှင့်မယ့် ‘Hymn Of Death’ ဆိုတဲ့ Drama အသစ်လေးမှာ မင်းသားချောလေး Lee Jong Suk ကိုထပ်မံမြင်တွေ့ခွင့်ရဦးမယ်ဆိုပြီး မတ်လ ၉ ရက်နေ့က သတင်းတွေထွက်ရှိလာပါတယ်။ Lee Jong Suk ပါဝင်မယ့် ဒီ Drama ဟာ Series ရှည်မဟုတ်ပဲ အပိုင်း ၂ ပိုင်းသာပါဝင်မယ့် ဇာတ်လမ်းတိုဖြစ်တယ်လို့ SBS က မတ်လ ၁၂ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

Lee Jong Suk ကတော့ ဒီ Short Drama ကိုရိုက်ကူးရာမှာ Guaranteed Fee မယူပဲရိုက်ကူးဖို့သဘောတူညီခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Producing Director (PD) Park Soo Jin ဟာ ‘While You Were Sleeping’ ဇာတ်ကားမှာတုန်းက Lee Jong Suk နဲ့အတူ လက်တွဲဖူးသူဖြစ်တဲ့အတွက်ပါ။ Lee Jong Suk က သူ့ရဲ့ PD အပေါ်ထားတဲ့ အားပေးထောက်ခံမှုတွေ ရင်းနှီးမှုတွေကို ဖော်ပြချင်တဲ့အတွက် Guaranteed Fee မယူဖို့ ဆုံးဖြတ်လိုက်တာလို့သိရပါတယ်။

 

‘Hymn Of Death’ ဆိုတဲ့ Drama လေးကတော့ ၁၉၂၆ ခုနှစ်လောက်က နာမည်ကြီးကျော်ကြားခဲ့သော ကိုရီးယားနိုင်ငံရဲ့ ပထမဦးဆုံးသော Soprano တေးသံရှင် Yun Sim Deok သီဆိုခဲ့သော သီချင်းရဲ့နာမည်လေးပဲဖြစ်ပါတယ်။ သူမရဲ့အကြောင်းကို ရုပ်ရှင်ဇာတ်ကားတွေအနေနဲ့ ထုတ်လွှင့်ခဲ့ဖူးပါတယ်။ အခု SBS ကနေထုတ်လွှင့်ပြသမယ့် Drama အသစ်လေးကတော့ ၁၉၉၁ ခုနှစ်မှာပြသခဲ့တဲ့ Yun Dim Deok နဲ့ ပြဇာတ်ရေးဆရာ Kim Woo Jin တို့ရဲ့အလွမ်းအဆွေးအချစ်ဇာတ်လမ်းနဲ့တော့ အနည်းငယ်ခြားနားမှုရှိမှာဖြစ်ပြီး လူသိနည်းတဲ့ Kim Woo Jin ရဲ့ အနုပညာဖန်တီးမှုတွေကိုပါ မီးမောင်းထိုးပြသွားမှာဖြစ်ပါတယ်။

 

A post shared by 이종석 (@jongsuk0206) on

 

Lee Jong Suk က ‘Hymn Of Death’ Drama လေးမှာ အရမ်းကိုတော်တဲ့ ပြဇာတ်ရေးဆရာ Kim Woo Jin ရဲ့နေရာကနေ ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။ PD Park Soo Jin ကတော့ “Lee Jong Suk က အရမ်းကို နာကျင်ခံစားနေရတဲ့ ပညာရှင်တစ်ဦးအနေနဲ့ရော အချစ်မှာနစ်မွှန်းနေတဲ့ လူငယ်လေးအဖြစ်နဲ့ပါ ကာရိုက်တာနှစ်မျိုးကိုသရုပ်ဆောင်သွားမှာဖြစ်ပြီး ဒီဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဖော်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင်ဖို့သဘောတူပေးပြီး Guaranteed Fee မယူပဲ အားဖြည့်ပေးတဲ့ Lee Jong Suk ကိုအရမ်းကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောကြာထားခဲ့ပါတယ်။

 

မင်းသားချောလေး Lee Jong Suk က ရုပ်ရည်ချောမောရုံသာမက စိတ်ထားလည်းအရမ်းကောင်းတဲ့ မင်းသားတစ်ယောက်အဖြစ် Fan တွေရဲ့ရင်ထဲမှာ စွဲထင်ကျန်နေတော့မှာပါ။ ကဲ… ချစ်Fan လေးတွေရေ Jong Suk Oppa ကတော့ သူ့ရဲ့ Drama အသစ်လေးမှာပါဝင်ဖို့ Confirm လုပ်လာပြီဆိုတော့ Fan တွေကလည်းကြည့်ဖို့အဆင်သင့်ဖြစ်နေလောက်ပြီဟုတ်..။

 

A post shared by 이종석 (@jongsuk0206) on

 

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *