မင်းသားချောလေး Park Bo Gum ရဲ့ ကျောင်းသားဘဝပြီးဆုံးခဲ့

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက် နေ့မှာ မင်းသားချောလေး Park Bo Gum တစ်ယောက်ဘွဲ့ရသွားပါပြီ။ လှပတည်ကြည်တဲ့ အပြုံးနုနုလေးတွေနဲ့ အမြဲတက်ကြွနေတဲ့ Park Bo Gum ဟာ သူ့ရဲ့ လေးနှစ်တာကောလိပ်ကျောင်းသားဘဝကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ပြီးသွားပြီ ဖြစ်ပါတယ်။

 

၂၀၁၄ခုနှစ် Yongin မှာရှိတဲ့ Myongi University ကို Musical Theatre Major နဲ့ဝင်ရောက်ခဲ့ပါတယ်။ စာသင်နှစ်လေးနှစ်လုံး အရမ်းကိုလိမ္မာပြီး ထူးချွန်တယ်လို့ ပြောပါတယ်။ လေးနှစ်တာကာလပြီးမြောက်တဲ့အခါမှာ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အခမ်းအနားမစခင်မှာ “ဒီနေရာအထိလာပေးတဲ့အတွက်သူအရမ်းကျေးဇူးတင်ပါတယ်” လို့ပြောခဲ့ပါတယ်။ “အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်၊ လေးနှစ်လုံး သူအများကြီးလေ့လာသင်ယူခဲ့ပါတယ်။ ကျောင်းက အတန်းဖော်တွေ စီနီယာတွေ ဂျူနီယာတွေနဲ့ ဆရာဆရာမကြီးတွေအားလုံးရဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်” လို့ပြောခဲ့ပါတယ်။

 

Park Bo Gum တစ်ယောက်ကတော့ အလုပ်တွေ ဘယ်လောက်ပဲရှုပ်ပြီးပင်ပန်းနေပါစေ ကျောင်းရဲ့ Activity တွေကိုလည်းပါဝင်အားဖြည့်ပြီး ကျောင်းသားတာဝန် ကျေပွန်ခဲ့သူတစ်ဦးပါ။ ၂၀၁၇ခုနှစ် စီနီယာတွေရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာလည်း Graduation Activity ဖြစ်တဲ့ ‘Hairspray’ မှာလည်း ဂီတဒါရိုက်တာအဖြစ် ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။

 

Park Bo Gum လေးဟာ Esquire မဂ္ဂဇင်းရဲ့ Interview မှာလည်း “သူအမြဲတမ်းအကောင်းဆုံးဆိုတာတွေကိုပဲလုပ်ဆောင်ခဲ့ပါတယ်။ သူကြိုးစားပြီး အလုပ်ကိုချစ်မြတ်နိုးမယ်ဆိုရင်သူ့ကိုလူတွေကအားပေးကြမယ်လို့လည်း ယုံကြည်ပါတယ်။ သူ့ကိုပျော်ရွှင်စေတဲ့ အလုပ်မျိုးတွေကိုပဲရွေးချယ်ပြီး မြတ်မြတ်နိုးနိုးနဲ့အကောင်းဆုံးလုပ်ဆောင်ပါမယ်” လို့ဖြေကြားထားပါတယ်။ မျက်နှာချိုချိုနဲ့ Park Bo Gum လေးကတော့အနုပညာသာမက ကျောင်းပညာရေးမှာလည်း ထူးချွန်သူတစ်ဦးပဲဖြစ်ပါတယ်။ Park Bo Gum ရဲ့ ပရိသတ်တွေဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေကတော့ သူ့ Graduation အတွက် အရမ်းကိုဂုဏ်ယူပြီး ပျော်မဆုံးဖြစ်နေကြပါတယ်…

 

 

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *