ချစ်စရာမင်းသမီးချောလေး Kim Yoo Jung ရဲ့ ခွဲစိတ်ဖို့တောင်လိုအပ်လာတဲ့ ကျန်းမာရေးအခြေနေ….😔

Kim Yoo Jung ဆိုတဲ့ ကလေးသရုပ်ဆောင်ကောင်မလေးတစ်ယောက်က ခုဆိုရင် Goyang အထက်တန်းကျောင်းကြီးကနေ ဘွဲ့ရပြီးတဲ့ မိန်းမချောလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ မင်းသမီးချောလေးဖြစ်လာတာ ဝမ်းသာပေးပေမယ့် ယမန်နေ့ကထွက်ရှိလာတဲ့သတင်းဟာ သူမရဲ့ပရိသတ်တွေအတွက် စိတ်မကောင်းချင်စရာပါပဲ။

 

Kim Yoo Jung က ဖေဖော်ဝါရီလ၂၅ ရက်နေ့မှာ သူမရဲ့ အလုပ်နဲ့ပတ်သက်တဲ့ Schedule တွေအားလုံးကို ကျန်းမာရေးအခြေနေကြောင့်ဖျက်ခဲ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သူမရဲ့ Agency မှနေပြီး “Thyroid Gland ကနေပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဟော်မုန်းတွေကိုထုတ်ပေးတာ မလုံလောက်တဲ့အတွက် ခွဲစိတ်ရမှာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာခွဲစိတ်ရမှာဖြစ်ပါတယ်။ ခွဲစိတ်တာကအရမ်းကြီးမလိုအပ်ပေမယ့် သူမကျန်းမာရေးနဲ့ပတ်သက်ပြီး Treatment လုပ်ရချိန်အခိုက်အတန့်လေးမှာ သူမရဲ့ကျန်းမာရေးကို အကောင်းဆုံးဖြစ်အောင်အတွက် ခွဲစိတ်လိုက်တာပါ” လို့ ပြောကြားလာပါတယ်။

 

Kim Yoo Jung က အခုလက်ရှိ ‘Clean With Passion for Now‘ ဆိုတဲ့ Drama အသစ်လေးကိုရိုက်ကူးနေတာပါ။ ဒီ Drama လေးကို JTBC မှနေပြီး April လမှာ ထုတ်လွှင့်ပြသမှာပဲဖြစ်ပါတယ်။ Yoo Jung လေးဟာ ခွဲစိတ်မှုအပြီး လအနည်းငယ် ခွဲစိတ်ဒဏ်ရာသက်သာလာဖို့ အနားယူရမှာဖြစ်တဲ့အတွက် ဇာတ်ကားလေးက သတ်မှတ်ထားတဲ့အချိန်ထက်ပိုပြီးနောက်ကျမှ သူမရဲ့ပရိသတ်ကြီးရှေ့ပြသခွင့်ရမှာပဲဖြစ်ပါတယ်။

 

သူမရဲ့ Agency ကနေပြီး “ထုတ်လုပ်သူနဲ့ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးကို ခုလိုနားလည်မှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဇာတ်ကားကိုကြည့်ရှုဖို့အတွက် စောင့်မျှော်နေကြတဲ့ပရိတ်သတ်တွေအားလုံးကိုလည်း တောင်းပန်ပါတယ်။ Kim Yoo Jung တစ်ယောက် ပရိတ်သတ်ကြီးရှေ့ ကျန်းကျန်းမာမာနဲ့ပြန်လာနိုင်အောင်လို့ အများကြီးထောက်ပံ့မှုတွေ အားပေးမှုတွေနဲ့ကြိုဆိုပေးပါဦး” ဆိုပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အသည်းလေး Kim Yoo Jung ကျန်းမာရေးမြန်မြန်ကောင်းလာပြီး Drama အသစ်လေးကိုအမြန်ဆုံးပြန်လည်ရိုက်ကူးနိုင်ဖို့ ပရိတ်သတ်ကြီးကဆုတောင်းပေးကြပါဦးနော်…။

 

A post shared by 잉? 김유정 (@you_r_love) on

A post shared by 잉? 김유정 (@you_r_love) on

 

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *