ရွှေကမ္ဘာလုံးဆု ဇကာတင်စာရင်းမှာ ပါဝင်လာလို့ အံ့အားသင့်နေတဲ့ Lady Gaga

American Horror Story ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်နယ်ပယ်ထဲကို ထဲထဲဝင်ဝင် ရောက်လာခဲ့သူ ကမ္ဘာကျော်အဆိုတော်ကြီး Lady Gaga ကတော့ အခုဆိုရင် ရွှေကမ္ဘာလုံးဆုရဲ့ ဇကာတင်စာရင်းနှစ်ခုမှာတောင် သူမနာမည် ပါဝင်လာခဲ့ပါပြီ။

 

Lady Gaga ဟာ နာမည်ကျော် ဟောလီးဝုဒ်မင်းသားကြီး Bradley Cooper ရဲ့ ဒါရိုက်တာပွဲဦးထွက်အဖြစ် ရိုက်ကူးထားတဲ့ A Star is Born တေးဂီတအသားပေး ဒရာမာရုပ်ရှင်ဇာတ်ကားထဲမှာ အဓိကဇာတ်ဆောင်နေရာကနေ ပထမဆုံးအကြိမ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

ဒီလို ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားနဲ့ အခုလို ရွှေကမ္ဘာလုံးဆုရဲ့ ဒရာမာရုပ်ရှင် အကောင်းဆုံးမင်းသမီးဆုနဲ့ Mark Ronson, Anthony Rossomando, Andrew Wyatt တို့နဲ့အတူ သူမရေးစပ်သီဆိုထားတဲ့ Shallow သီချင်းနဲ့ ဇာတ်ဝင်သီချင်းဆုတွေရဲ့ ဇကာတင်စာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

 

 

View this post on Instagram

 

#LookWhatIFound #AStarIsBorn

A post shared by Lady Gaga (@ladygaga) on

 

ဒီလိုဇကာတင်စာရင်းမှာ ပါဝင်လာတာနဲ့ပတ်သက်ပြီးတော့ Lady Gaga က “A Star is Born ဇာတ်ကားရဲ့ ဇကာတင်စာရင်းဝင်မှုအားလုံးအတွက် ကျွန်မအလွန်ကို ဝမ်းမြောက်မိပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သူအားလုံးအတွက် စိတ်ခံစားချက် အမြင့်မားဆုံးဖြစ်ရတဲ့ ပရောဂျက်တစ်ခု ဖြစ်စေခဲ့သလို အားလုံးက မိသားစုဝင်တွေ နွေးနွေးထွေးထွေးလေး ဖြစ်သွားခဲ့ရတယ်။

 

ကျွန်မတို့တွေ အတူတူ ရေးစပ်သီဆိုထားတဲ့ သီချင်းလေး ဇကာတင်စာရင်း ပါဝင်လာတာကိုလည်း အတိုင်းမသိ ဝမ်းသာရပါတယ်။ ဒါပေမယ့် အကောင်းဆုံးမင်းသမီးဆုရဲ့ ဇကာတင်စာရင်းမှာ ပါဝင်လာခဲ့တာကိုတော့ လုံးဝမယုံနိုင်အောင်ပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

 

အောက်တိုဘာလက ထွက်ရှိခဲ့တဲ့ A Star is Born ရုပ်ရှင်ဇာတ်ကားကတော့ ဒီ၂၀၁၈ခုနှစ်အတွင်း လူကြိုက်အရမ်းများတဲ့ ဇာတ်ကားတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီးတော့ ၂၀၁၉ခုနှစ် နှစ်ဦးပိုင်းမှာ ကျင်းပပြုလုပ်သွားမယ့် ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုပေးပွဲမှာလည်း အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆုပေါင်း၅ဆုအတွက် ဇကာတင်စာရင်းဝင်လို့ နေပါတယ်ခင်ဗျာ။

 

Leave a Reply

Your email address will not be published. Required fields are marked *