အသံမထွက်ရဲလောက်အောင် ကြောက်စရာကောင်းတဲ့ A Quiet Place

2018 ရဲ့ Horror list ထဲကို မကြာခင်ဝင်ရောက်လာတော့ A Quiet Place ရုပ်ရှင်ကတော့ မထွက်သေးခင်ကို နာမည်ကြီးနေပါတယ်။ Horror fan တွေအနေနဲ့ မဖြစ်မနေကြည့်ရမယ့်ရုပ်ရှင်တစ်ကားလို့ ဆိုလိုချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ John Krasinski ကိုတိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားတာဖြစ်ပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ Emily Blunt နဲ့ John Krasinski တို့ဟာ တကယ့်အပြင်ဘဝမှာလည်း လင်မယားတွေဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သူတို့ဟာ မိသားစု ၄ယောက်ရှိပြီး အသံထွက်လို့

မရတဲ့အခြေနေတစ်ခုမှာ အသက်ရှင်နေရတာပါ။ သူတို့အသံထွက်လိုက်မိတာနဲ့ မကောင်းဆိုးဝါးသတ္တဝါတွေ ရောက်ရှိလာမှာဖြစ်ပါတယ်။ 

၄နှစ်သားအရွယ် သားဖြစ်သူကို ဆုံးရှုံးပြီး ၁နှစ်အကြာမှာတော့ ကလေးမွေးဖို့ ရက်အနည်းငယ်သာလိုတော့တဲ့ အခြေနေမှာ  Emily  တစ်ယောက်ရေမွှာပေါက်ပြီး မီးအိမ်ကျကွဲခဲ့လို့ မကောင်းဆိုးဝါးတွေရောက်ရှိလာတာကို ရင်ဆိုင်ရင်း ထိတ်လန့်ကြောက်ရွံစရာကောင်းတဲ့အချိန်ကို အသံမထွက်ဘဲဘယ်လိုအခြေနေမျိုးနဲ့ ရင်ဆိုင်ဖြေရှင်းမလည်း ဆိုတာကိုတော့ screen ထက်မှာ ကြည့်ရှု့အားပေးရင်း ရင်ခုန်လိုက်ရအောင်နော်။ 

Leave a Reply

Your email address will not be published. Required fields are marked *