ရုံတင်ရက်အတိကျထွက်ရှိလာပြီဖြစ်တဲ့ ဥပါဒါန် ရုပ်ရှင်ကားကြီး

အချစ်၊ အလွမ်း၊ အဆွေး၊ ဟာသတွေကြားထဲကနေ ရုန်းထွက်ပြီး မြန်မာ့ရုပ်ရှင်လောကကို ခြေလှမ်းအသစ်နဲ့ ဝင်ရောက်လာတဲ့ ဥပါဒါန် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ၅လပိုင်း ၁၈ ရက်နေ့မှာ JCGV ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာဗန်းကြီး ရိုက်ကူးပုံဖော်ထားတဲ့ ဖြစ်ရပ်မှန်ရာဇဝင်ဇာတ်ကားလည်းဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေကအနေနဲ့ ခိုင်းထူးသာ၊ နန်းဆုဦး၊ ချိုပြုံးနှင့် မေသဉ္ဇာဦးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဗုဒ္ဓသာသနာအတွက်လည်း သမိုင်းဝင်ရုပ်ရှင်ဇာတ်ကားတကားဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေ မဖြစ်မနေ ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ အချစ်၊ အလွမ်းဇာတ်ကားမဟုတ်တဲ့အတွက်လည်း မိသားစုနဲ့ ကြည့်ရှု့ရန်သင့်တော်တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကအနေနဲ့လည်း အခုလိုဗုဒ္ဓသာသနာအတွက် ရှောင်ကျဉ်လိုက်နာသင့်တဲ့ ပညာပေးဇာတ်ကားမျိုးတွေကို ပရိသတ်ရှေ့ မကြာမကြာချပြနိုင်စေဖို့ တိုက်တွန်းရင်းအားပေးလိုက်ကြရအောင်နော်။

Leave a Reply

Your email address will not be published. Required fields are marked *