ဟာသသရုပ်ဆောင် အောင်ရဲထွေးတစ်ယောက် ကမ္ဘာကြီးကိုအပြီးအပိုင်ထာဝရ နှုတ်ဆက်သွားခြင်း

ဟာသဇာတ်လမ်းတိုတွေအပျော်တန်းရိုက်ကူပြီး နာမည်ကြီး လူသိများလာတဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေးဟာ New Year ညမှာ club ကအပြန်လူတစ်စုရဲ့ ဝိုင်းရိုက်ခြင်းခံရပြီး ခေါင်းထိသွားခဲ့ပါတယ်။ ခေါင်းကို operation လုပ်သော်လည်း စိတ်မကောင်းစွာဘဲ တမလွန်သို့ ကူးပြောင်းသွားခဲ့ပြီး အခုတော့သူ့ရဲ့ fan တွေကို ထာဝရနှုတ်ဆက်သွားခဲ့ပါပြီ။
  

အောင်ရဲထွေးဟာ ယနေ့ထိ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ facebook မှာ Follower ၁၃သန်းကျော်နဲ့ ရပ်တည်လာခဲ့ပြီး အနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်တွေပါ ရိုက်ကူးအောင်မြင်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ တိတ်ဆိတ်သွားခဲ့တဲ့ သူ့ရဲ့ facebook လေးမှာတော့ နောက်ဆုံးတင်ခဲတဲ့ video ဟာ သူ့ရဲ့မသေဆုံးခင်နမိတ်ပြသွားတဲ့ video တစ်ခုဖြစ်တယ်ဆိုတာကိုတွေ့ရတော့ အားလုံးကစိတ်မကောင်းဖြစ်နေခဲ့ကြရပါတယ်။

သူ့ရဲ့ဟာသ video တွေဟာ လူသန်းပေါင်းများစွာကို ဘဝအမောတွေပြေစေခဲ့သော်လည်း အောင်ရဲထွေးရဲ့ နောက်ဆုံးအဆုံးသတ်ဟာ လူသတ်လို့ မတရားခံရပြီး သေဆုံးရခြင်းဖြစ်တာကြောင့် မကျေမနပ်ဖြစ်နေသူများလည်း လူသန်းပေါင်းများစွာမက ရှိနေပါတယ်ဆိုတာကို တင်ပြရင်း စိတ်မကောင်းစွာဘဲ ကောင်းရာဘုံဘဝမှာ ထာဝရအနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်။

Rest In Peace Aung Yell Htwe.

Image source : https://www.facebook.com/yellhtweaung/

Leave a Reply

Your email address will not be published. Required fields are marked *