Avengers: Infinity War ပြသရက်အရှေ့တိုး

Avengers: Infinity War ကိုစောင့်မျှော်နေကြတဲ့ Marvel ပရိသတ်တွေ ဝမ်းသာလိုက်လို့ရပါပြီ။ နဂိုက မေလ ၄ ရက်နေ့မှာ Global Release လုပ်ဖို့စီစဉ်ထားတဲ့ ဒီဇာတ်ကားကို အခုအခါမှာတော့ တစ်ပတ်ရှေ့တိုးပြီး ဧပြီလ ၂၇ ရက်နေ့မှာ ပြသသွားတော့မှာဖြစ်ပါတယ်။

 

ဒီအကြောင်းကို Official Statement တွေဘာညာနဲ့ကြေညာခဲ့တာတောင်မဟုတ်ပါဘူး။ Marvel Studios နဲ့ Iron Man သရုပ်ဆောင် Robert Downey Jr. တို့ Twitter ပေါ်မှာ အပြန်အလှန်စကားပြောပုံနဲ့ ပြသရက်ရှေ့တိုးတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ အဲဒီ conversation လေးကိုကြည့်လိုက်ကြပါဦး.. သဘောကျစရာလေးပါ။ 🤣

 

 

အဲဒီလိုရှေ့တိုးလိုက်တာကလည်း အကြောင်းရှိပါတယ်။ မေလမှာ Blockbuster ရုပ်ရှင်ကြီးတွေပြုံနေခဲ့ပါတယ်။ မေလ ၄ ရက်နေ့မှာ Avengers: Infinity War, မေလ ၁၈ ရက်နေ့မှာ Deadpool 2, မေလ ၂၅ ရက်နေ့မှာ Solo: A Star Wars Story တို့ အသီးသီးပြသကြမှာဖြစ်ပါတယ်။ အဲဒီ ၃ ခုထဲကမှ Infinity War နဲ့ Solo ရုပ်ရှင်တို့ကို Disney ကဖြန့်ချိမှာဖြစ်ပြီး Deadpool 2 ကို 20th Century Fox က ဖြန့်ချိမှာပါ။ အခုလို Infinity War ကို တစ်ပတ်ရှေ့တိုးလိုက်တော့ Deadpool 2 နဲ့ပြသရက်တွေ အများကြီးသွားမထပ်တော့တဲ့အပြင် Disney အနေနဲ့ Han Solo ရုပ်ရှင်အတွက် Marketing လုပ်ဖို့အချိန်ပိုရသွားစေခဲ့ပါတယ်။ ပြောမယ်ဆိုရင် ဒါဟာ Disney ရော Fox အတွက်ပါကောင်းတဲ့ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ Fan တွေအတွက်ကတော့ စောကြည့်ရလေကောင်းလေးပဲဆိုတဲ့အပြင် တစ်ကမ္ဘာလုံးတပြိုင်တည်းပြမှာဆိုတော့ spoiler ရန်ကလည်း အနည်းငယ်ကင်းဝေးသွားတဲ့အတွက် အတိုင်းထက်အလွန်ပါပဲ။ 😊

Leave a Reply

Your email address will not be published. Required fields are marked *