#MeToo လှုပ်ရှားမှုအနေနဲ့ Red Carpet ကို Black Carpet သို့ ပြောင်းခိုင်းတာကို ငြင်းဆိုလိုက်တဲ့ ဘာလင်ရုပ်ရှင်ပွဲတော်

နိုင်ငံတကာ ရုပ်ရှင်သတင်းတွေကို ပုံမှန်လေး follow လုပ်သူတွေအဖို့ #MeToo နဲ့ #TimesUp movement တွေနဲ့ပတ်သက်တဲ့ သတင်းတွေဆိုတာ မမြင်ချင်မှအဆုံးပါ။ ဒီနေ့တော့ အဲဒီပလူပျံနေတဲ့သတင်းအပုံကြီးထဲက တကယ့်အဆန်းလေးတစ်ခုကိုမြင်မိလို့ မျှဝေပေးပါရစေ။

ယနေ့စတင်ကျင်းပတဲ့ ဘာလင်ရုပ်ရှင်ပွဲတော်က တာဝန်ရှိသူတွေဟာ #MeToo လှုပ်ရှားမှုကိုထောက်ခံကြောင်းပြသတဲ့အနေနဲ့ ပွဲတော်အတွင်းမှာခင်းမယ့် ကော်ဇောအရောင်ကို အနီကနေ အနက်ကိုပြောင်းဖို့တိုက်တွန်းတာကို ငြင်းဆိုလိုက်ပါတယ်။ ဒီပွဲတော်ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Dieter Kosslick က “ဒီကိစ္စက ကော်ဇောအရောင်ပြောင်းရုံနဲ့ပြီးသွားမှာမျိုးမဟုတ်တော့ အလုပ်နဲ့ပဲသက်သေပြရအောင်ပါ” ဆိုပြီး ကော်ဇောအရောင်မပြောင်းရခြင်းအကြောင်းရင်းကို ပါးနပ်စွာနဲ့ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ သူ့အနေနဲ့ လူတိုင်းကို လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိစေချင်ပြီး သူတို့နှစ်သက်ရာဝတ်ဆင်ကာ Red Carpet ကိုလျှောက်လှမ်းစေချင်တယ်လို့ ဆိုပါတယ်။ ဒီခေတ်ကြီးက အပြောမတော် တစ်ခွန်းခေတ်ဆိုတော့ သူ့အနေနဲ့လည်း တော်တော်ကြီးသတိထားပြီး ရှင်းလင်းချက်ထုတ်ပြန်ခဲ့ရပုံပါပဲ။

 

ဒီကော်ဇောအရောင်ပြောင်းတဲ့ကိစ္စက ဘယ်ကစခဲ့တာလည်းဆိုတော့ ဂျာမန်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်သူ Claudia Eisinger က Golden Globe တုန်းက ပွဲတက်သူတွေ အနက်ရောင်ဝတ်ခဲ့တာကို အားကျပြီး အဲအတိုင်းလုပ်ချင်လို့ Change.org မှာ petition လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ petition မှာ လက်မှတ်ရေးထိုးခဲ့သူပေါင်း ၂၃,၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

 

ဒီလို ဂျာမန်တွေက အမှန်အကန်ငြင်းနေချိန်မှာ ကိုရွှေအင်္ဂလိပ်တွေက လာမယ့်် တနင်္ဂနွေနေ့မှာကျင်းပမယ့် ၇၁ ကြိမ်မြောက် British Academy Film Awards မှာ Red Carpet အစား Black Carpet ခင်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်တဲ့…

 

Ref: (1), (2)

Leave a Reply

Your email address will not be published. Required fields are marked *