ကလေးတွေနဲ့ လူကြီးလူငယ်တွေကြားမှာ Thor လို့လူသိများတဲ့ Chris Hemsworth ရဲ့ ဇာတ်ကားကောင်းများ

Superhero တွေထဲက Hero တစ်ယောက်ဖြစ်တဲ့ Thor ကိုတော့ superhero လိုဇာတ်ကောင်းမျိုးနဲ့ မဟုတ်ဘဲ တခြားဇာတ်လမ်းပုံစံနဲ့ ဇာတ်ကောင်စရိုက်မျိုးစုံကို ခံစားကြည့်ချင်တယ်ဆိုတဲ့ သူများအတွက် Chris Hemsworth ရဲ့ ဇာတ်လမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

Ghostbusters ဆိုတဲ့ဇာတ်လမ်းကတော့၂၀၁၆ မှာထွက်ရှိတာဖြစ်ပြီး ဇာတ်လမ်းထဲမှာ ဟာသလေးတွေလည်း ပါဝင်ပါတယ်။ Thor ကို ဒီဇာတ်လမ်းထဲမှာ superhero ဇာတ်ရုပ်ကနေ လုံးဝကွဲထွက်နေတာကို မြင်တွေ့ရမှာ သေချာပါတယ်။

အခုလက်ရှိရုံတင်နေတဲ့ ဇာတ်ကားအသစ်ကတော့ 12 STRONG ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Thor ကို စစ်သားတစ်ယောက်အဖြစ် ပြောင်းလဲမြင်တွေ့ရမှာ ဖြစ်ပါတယ်။

The Cabin in the Woods ကတော့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Chris Hemsworth တို့သူငယ်ချင်းအုပ်စုတစ်စုလုံး သစ်သားအိမ်ထဲမှာ ကြုံတွေ့ရတဲ့ မကောင်းဆိုးဝါးရဲ့ အနှောက်အယှက်ကို ဘယ်လိုဖြေရှင်ကြမလဲဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Rush ဇာတ်လမ်းထဲမှာတော့ Chris Hemsworth ကို ခပ်မိုက်မိုက် Racing ကောင်းလေးတစ်ယောက်အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

In the Heart of the Sea ကတော့ oceanic adventure ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Chris Hemsworth ရဲ့ သမုဒ္ဒရာထဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ဖြေရှင်းတဲ့ Adventure ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *