Titanic ဇာတ်ကားကိုကျော်ပြီး ပြည်တွင်းတတိယဝင်ငွေအကောင်းဆုံးနေရာကိုရောက်လာတဲ့ Black Panther🙅🏿‍♂️

Wakanda Forever ကြီးကတော့ မှတ်ကျောက်အသစ်တင်လိုက်ပြန်ပါပြီ။ Released လုပ်ကတည်းက အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုရယူပြနေခဲ့တာ အခု April လအထိကို မရပ်တန့်နိုင်အောင်ပဲ ဖြစ်ခဲ့ပြီး ပြည်တွင်းဝင်ငွေအကောင်းဆုံးဇာတ်ကားမှာ တတိယနေရာကို တက်လှမ်းနိုင်ခဲ့တာပါ။

black_panther
Marvel Studios’ BLACK PANTHER..Black Panther/T’Challa (Chadwick Boseman)..Ph: Film Frame..©Marvel Studios 2018

လက်ရှိမှာ ပြည်တွင်းဝင်ငွေချည်းပဲ $665.4 မီလျံ ရထားပြီး Titanic ရထားတဲ့ $660 မီလျံကိုကျော်တက်နိုင်ခဲ့တာပါ။ ပြည်တွင်းဝင်ငွေအကောင်းဆုံးကားတွေရဲ့ ပထမနဲ့ ဒုတိယနေရာမှာတော့ Star Wars: The Force Awakens ($936.7  မီလျံ) နဲ့ Avatar  ($760.5  မီလျံ) တို့က အသီးသီးရပ်တည်နေကြပါတယ်။

Globally အရဆိုရင်တော့ Titanic က 2.2 ဘီလျံနဲ့ ဒုတိယနေရာမှာရှိပြီး Black Panther ကတော့ 1.3 ဘီလျံနဲ့ နံပါတ်တစ်ဆယ်မှာရပ်တည်နေတာပါ။ ပထမကတော့ ထုံးစံအတိုင်း Avatar ဖြစ်ပြီး သူရထားတာကတော့ 2.78 ဘီလျံဖြစ်ပါတယ်။

Marvel ဇာတ်ကားတွေထဲမှာ ဝင်ငွေအကောင်းဆုံးရရှိနေပြီဖြစ်တဲ့ Black Panther ကြီး ဆက်ပြီး ဘယ်လိုအောင်မြင်မှု မှတ်ကျောက်တွေတင်ပြဦးမှာလဲဆိုတာကို စောင့်ကြည့်လိုက်ကြရအောင်နော်။ Wakanda Forever 🙅🏾‍♀️🙅🏿‍♂️

Leave a Reply

Your email address will not be published. Required fields are marked *