Horror ကားချစ်သူတွေအတွက် ‘Blumhouse’s Truth or Dare’ Trailer

ကစားနည်းမျိုးစုံကိုကျိန်စာတွေထည့်ပြီးဇာတ်ကားရိုက်လာတာ ဒီတစ်ခါအလှည့်ကျတာကတော့ Truth or Dare ပါ။ ဒါပေမယ့်ဘယ်လိုပဲပြောပြော Horror ဇာတ်ကားချစ်သူတွေအတွက် စောင့်မျှော်စရာဇာတ်ကားတစ်ခု တိုးလာတာပဲဖြစ်ပါတယ်။။ Blumhouse Productions ရဲ့အသစ်စက်စက်ဒီဇာတ်ကားကတော့ ကောလိပ်ကျောင်းသားတစ်စု သဘာဝလွန်ကစားနည်းတစ်ခုကိုကစားမိရာကနေ အသက်လုပြီး ကျိန်စာကိုပျက်ပြည်စေတဲ့နည်းလမ်းကိုရှာဖွေရမယ့်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒီကျိန်စာသင့်နေတဲ့ Truth or Dare ကစားနည်းမှာ Truth မပြောရင်ဖြစ်စေ၊ Dare ကိုငြင်းခဲ့ရင်ပဲဖြစ်စေ အဲဒီလိုလုပ်တဲ့သူက အသေဆိုးနဲ့သေဆုံးရမှာဖြစ်ပါတယ်။

Blumhouse Production ကလည်း နောက်ပိုင်းတော်တော်အောင်မြင်လာတော့ သူ့နာမည်ကိုတောင် ဇာတ်ကားရဲ့ title မှာထည့်သွင်းလာတာကိုတွေ့ရပါတယ်၊ နာမည်အရှိန်နဲ့လုပ်စားတဲ့သဘောပေါ့။ အဲဒီလိုလုပ်လို့ရလောက်အောင်လည်း သူတို့ရဲ့အရှေ့ကဇာတ်ကားတွေကအောင်မြင်ထားကြတာကိုတွေ့ရမှာပါ။ Insidious, Paranormal Activity, The Purge, Unfriended စတာတွေက Blumhouse ရဲ့လက်ရာတွေထဲကအချို့ဖြစ်ပါတယ်။

ဒီ ‘Truth or Dare’ ဇာတ်ကားကို ‘Kiss-Ass 2’ ရဲ့ဒါရိုက်တာ Jeff Wadlow ကရိုက်ကူးပြီး ‘Pretty Little Liars’ TV Series ထဲက Lucy Hale နဲ့ ‘Teen Wolf’ TV Series ထဲက Tyler Posey တို့က ဦးဆောင်ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကို ဧပြီလ ၂၇ ရက်နေ့ကျရင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *