Emilia Clarke နဲ့အတူ Game of Thrones ကြည့်ခွင့်ရဖို့အတွက် လေလံပွဲမှာကြိုးစားခဲ့တဲ့ Brad Pitt

ကိုယ့်ရဲ့ Home Theater လေးထဲမှာ Mother of Dragons နဲ့အတူ Game of Thrones ကို အတူထိုင်ကြည့်ခွင့်ရဖို့ဆိုရင် သင်ဘယ်လိုတွေများကြိုးစားမလဲ…

ရုပ်ရှင်မင်းသားကြီး Brad Pitt ကတော့ Mother of Dragons သရုပ်ဆောင် Emilia Clarke နဲ့အတူ ‘Game of Thrones’ episode တစ်ခုကြည့်ခွင့်ရဖို့အတွက် ဒေါ်လာ ၁၂၀,၀၀၀ အထိပေးပြီးလေလံဆွဲခဲ့ပါတယ်။ ဒါပေမယ့်နောက်ဆုံးမှာတော့ ပွဲလာသူတစ်ယောက်က ဒေါ်လာ ၁၆၀,၀၀၀ စျေးခေါ်သွားတာမို့ Brad Pitt တစ်ယောက် အဲဒီမဟာအခွင့်အရေးကို လက်လွတ်သွားခဲ့ရပါတယ်။

ဟေတီနိုင်ငံအတွက်ရည်ရွယ်တဲ့ ပရဟိတရန်ပုံငွေပွဲတစ်ခုမှာ အဆိုပါလေလံပွဲကိုကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Clarke နဲ့အတူရုပ်ရှင်ကြည့်ခွင့်ကို ဒေါ်လာ ၂၀,၀၀၀ နဲ့လေလံဖွင့်ခဲ့ပါတယ်။ Brad Pitt က ဒေါ်လာ ၈၀,၀၀၀ စတင်ခေါ်ဆိုခဲ့ပြီး သိပ်မကြာမီမှာပဲ ဒေါ်လာ ၉၀,၀၀၀ အထိမြင့်တင်လိုက်ပါတယ်။ အဲဒီ movie session မှာ Clarke အပြင် Jon Snow သရုပ်ဆောင် Kit Harington ပါ ပါဝင်ဦးမယ်လည်းဆိုရော Brad Pitt က သူ့ bid ကို ဒေါ်လာ ၁၂၀,၀၀၀ အထိတိုးမြှင့်လိုက်ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ Brad Pitt တစ်ယောက် out bid လုပ်ခံလိုက်ရလို့ လာမယ့် weekend မှာ Game of Thrones ကို တစ်ယောက်တည်းကြည့်ရမယ့်ဘဝရောက်သွားခဲ့ပါတယ်။

တကယ်လို့သင်သာ Brad Pitt နေရာမှာဆိုရင် ဆက် bid မလား အဲဒီအခွင့်အရေးကိုလက်လွတ်ခံလိုက်မလား.. သင်ဘာလုပ်မလဲဆိုတာကို Comment Box ထဲမှာရေးသွားခဲ့ကြပါဦး။

Ref: Variety

Leave a Reply

Your email address will not be published. Required fields are marked *