စူပါမန်းသရဲကားလို့ နာမည်ကြီးနေတဲ့ BrightBurn ဇာတ်ကားရဲ့ Trailer ထွက်ရှိ

Guardians of the Galaxy ဇာတ်ကားနှစ်ကားလုံးကို ဇာတ်ညွှန်းရေးသူအဖြစ်ရော ဒါရိုက်တာအဖြစ်နဲ့ပါ ပူးပေါင်းတာဝန်ယူခဲ့ဖူးတဲ့ နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူ ဒါရိုက်တာ James Gunn ကိုယ်တိုင် Produce ပေးထားတဲ့ BrightBurn ဇာတ်ကားရဲ့ ဇာတ်ကားနမူနာကတော့ စတင်ထွက်ရှိလာခဲ့ပါပြီ။

 

ဇာတ်ကားနမူနာ စတင်ထွက်ရှိလာချိန်မှာတော့ အားလုံးကို မျက်လုံးမျက်ဆံပြူးသွားရလောက်အောင် ဖြစ်သွားစေခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ BrightBurn ဇာတ်ကားက နာမည်ကျော် DC Comics ရဲ့ အထင်ကရဇာတ်ကောင် Superman ရဲ့ ဇာတ်လမ်းမျိုးလို ဖြစ်နေလို့ပါပဲ။ ဇာတ်ကားနမူနာရဲ့ အစပိုင်းတစ်ခုလုံးဟာ လုံးဝကို Superman ဇာတ်ကားရဲ့ Trailer ကို ကြည့်နေရသလိုမျိုးကို ခံစားမိစေပါတယ်။

 

ဒါပေမယ့် နောက်ပိုင်းမှာတော့ မတူကွဲပြားမှုတွေကို စတင်တွေ့မြင်လာရမှာပါ။ တခြားကမ္ဘာကနေ ရောက်ရှိလာခဲ့တဲ့ ကလေးငယ်လေးက Superman လိုမျိုး လူသားတွေကို အကျိုးပြုမယ့်သူမဟုတ်ပဲ ကြောက်စရာကောင်းလွန်းတဲ့ စွမ်းအင်တွေနဲ့ လူတွေကို ဖျက်ဆီးမယ့်သူဖြစ်နေတာကို Trailer ထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ လူအများကြားမှာ စူပါမန်းသရဲကားဆိုပြီး နာမည်တွင်လာခဲ့ရတာပါ။

 

ပြောရရင်တော့ ဒီ BrightBurn ဇာတ်ကားက ရုပ်ရှင်လောကတစ်ခုလုံးကို ကိုင်လှုပ်နိုင်စွမ်းရှိမယ့် အသွင်သစ် ဇာတ်ကားတစ်ကား ဖြစ်လာနိုင်ပါတယ်။ နိုင်ငံခြား Websites တွေမှာလည်း ဒီဇာတ်ကားကို Superhero Horror အမျိုးအစားလို့ နာမည်ပေးထားကြတော့ နောက်ဆို ဒီလိုပုံစံဇာတ်ကားတွေတောင် ဆက်ထွက်လာနိုင်မလားဆိုတာ မျှော်လင့်ချင်စရာပါ။

 

ဒါပေမယ့် အထင်ကရ ဇာတ်ရုပ်တစ်ခုကို ပြောင်သလို လှောင်သလို လုပ်ထားတယ်ဆိုပြီး Superhero Fans တွေဘက်ကနေ ဝေဖန်သံတွေ ထွက်ပေါ်လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လာမယ့် ၂၀၁၉ မေလမှာ ရုံတင်သွားတော့မယ့် အသွင်သစ် Superhero Horror ဇာတ်ကား BrightBurn ကို အခုအချိန် အားလုံးက စိတ်ဝင်စားနေကြမှာ အသေအချာပါပဲခင်ဗျာ။

 

Leave a Reply

Your email address will not be published. Required fields are marked *