နွေရဲ့ အငွေ့အသက်တွေ အပြည့်အဝပေးမယ့် Call Me By Your Name

1983 ခုနှစ်လောက်တုန်းက LGBT တွေ ဘယ်လိုရှင်သန်ခဲ့ကြလဲ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပေမယ့်လည်း အခြေအနေမပေးတဲ့အခါမျိုး ပတ်ဝန်းကျင်က ရှုတ်ချတဲ့ အခါမျိုးမှာ ဘယ်လိုရင်ဆိုင်ကြမလဲ။

 

Elio က သူ့ရဲ့နွေရာသီ ပိတ်ရက်ကို မိသားစုနဲ့ အတူ အီတလီမှာ ဖြတ်သန်းနေတဲ့ အသက် ၁၇ နှစ်အရွယ် ကောင်လေးပါ။ Oliver ဆိုတာကတော့ Eilo ရဲ့ အဖေဆီမှာ အလုပ်သင်အနေနဲ့ နွေရာသီကို အီတလီမှာ Elio တို့နဲ့ အတူ လာရောက်ဖြတ်သန်းရတဲ့ ဆေးကျောင်းသားပါ။

 

ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံမိကြတဲ့ အချိန်မှာ Elio က Oliver ကို သဘောသိပ်မကျခဲ့သလိုမျိုးဖြစ်နေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Oliver ကိုတွေ့တိုင်း Elio တစ်ယောက် ထူးဆန်းနေခဲ့တာမို့လို့ပါ။ နောက်ဆုံးတော့ Elio တစ်ယောက် သူ့ရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း လက်ခံခဲ့ပါတယ်။

 

ဒါပေမယ့် Elio ရဲ့ ခံယူချက်အပေါ် Oliver ကရော ဘယ်လို တုံ့ပြန်မှာလဲ။ Elio ရဲ့ မိဘတွေကရော ဘယ်လိုလဲ။ ဒါတွေကို Romance, Drama ပုံစံလေး ရိုက်ကူးထားတာပါ။ ဒီ ဇာတ်ကားကို ကြိုက်ရတဲ့ အကြောင်းကတော့ ရုပ်ရှင်ကြည့်လိုက်တာနဲ့ နွေရဲ့ အငွေ့အသက်ကို အပြည့်အဝရပါတယ်။

 

နာမည်လေးကတော့ Call Me By Your Name ဖြစ်ပြီး IMDb rating 7.9/10 ရရှိထားပါတယ်။ တချို့ 18+ အခန်းတွေပါတဲ့ အတွက် ကလေးတွေနဲ့ တူတူပဲ ဖြစ်ဖြစ် မိဘတွေနဲ့ တူတူပဲဖြစ်ဖြစ် ကြည့်ဖို့ မသင့်တော်ပါဘူးနော်။

 

Leave a Reply

Your email address will not be published. Required fields are marked *