Cannes Film Festival မှာပြသခဲ့တဲ့ Whitney ရဲ့ Documentary

တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ကမ္ဘာကျော်အဆိုတော် Whitney Houston ကိုတော့ အားလုံးသိကြလိမ့်မယ်လို့ ထင်ပါတယ်။ သီချင်းဆိုတဲ့နေရာမှာ သူမတူအောင် အသံအားကောင်းပြီး ပြောစရာမလိုအောင် သီဆိုနိုင်တဲ့ အဆိုတော်တယောက်ဖြစ်သလို နေရာတိုင်းကို သူ့သီချင်းတွေနဲ့ လွှမ်းမိုးနေရာယူနိုင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ Whitney ကတော့ အမေရိကန်လူမျိုး လူမဲအဆိုတော် တစ်ယောက်ဖြစ်ပြီး ထွက်ဖူးသမျှ album တိုင်းကို ရောင်းအားအကောင်းဆုံးအဖြစ် နေရာယူခဲ့ သူတစ်ဦးပါ။

အခုချိန်မှာ Whitney  သေဆုံးသွားပြီဖြစ်ပေမယ့် သူမရဲ့ပရိသတ်တွေကို Documentary တစ်ခုနဲ့ ထပ်မံမိတ်ဆက်ပေးဖို့ရှိနေပါတယ်။ Whitney ကတော့ အသက် ၄၈ နှစ်နဲ့ ၂၀၁၂ ခုနှစ်မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး၂၀၁၅ လောက်မှာ Whitney ရဲ့ biography တစ်ခုကို ရိုက်ကူးပုံဖော်ခဲ့ဖူးကြပါသေးတယ်။  ဒီ ၂၀၁၈ မှာ ပြသမယ့် သူမရဲ့ ဒုတိယမြောက် documentary ကတော့ သူမဖြတ်သန်းခဲ့ရတဲ့ ဘဝအခြေနေကစပြီး သေဆုံးချိန်ထိ ပါဝင်သွားမှာဖြစ်ပါတယ်။ ဇာတ်လမ်းကို ဒါရိုက်တာအဖြစ် Kevin Macdonald ကရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ဇာတ်လမ်းရဲ့ ကြာမြင့်ချိန်ကတော့ 120 min လောက်ရှိပါတယ်။ ပြင်သစ်မှာ ၁၁ရက်ကြာ ပြုလုပ်ကျင်းပခဲ့တဲ့ Cannes Film Festival မှာတော့ မေလ ၁၆ ရက်နေ့က ပါဝင်ပြသခဲ့ပြီး တခြားနိုင်ငံတော်တော်များများမှာတော့ ဇူလိုင်လ ၆ ရက်နေ့မှာ ပြသပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Whitney ချစ်သူတွေအနေနဲ့ အားလုံးကို နှုတ်ဆက်သွားပြီဖြစ်တဲ့ Whitney ကို သူမရဲ့ Documentary အသစ်မှာ ပြန်လည်ခံစားရင်စောင့်မျှော်လိုက်ကြရအောင်နော်။

 

Leave a Reply

Your email address will not be published. Required fields are marked *