Carrie Fisher ကွယ်လွန်ခြင်း တစ်နှစ်ပြည့် လွမ်းဆွတ်တမ်းတသံများ

ယမန်နှစ်ဒီအချိန်မှာ အနုပညာလောကထဲကလူတွေရော ရုပ်ရှင်ချစ်ပရိသတ်တွေပါ ကျွန်တော်တို့ရဲ့ Princess – Carrie Fisher ကွယ်လွန်သွားတာကို ပူဆွေးဝမ်းနည်းနေကြခဲ့ပါတယ်။ အခုဆိုရင်တော့ နာရီစက်ဝန်းတွေလည်ပတ်လို့ ၁ နှစ်တာကုန်ဆုံးသွားခဲ့ပြီး Princess Leia တစ်ဖြစ်လဲ Carrie Fisher ကွယ်လွန်သွားတာ ၁ နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ သူမကွယ်လွန်တာ ၁ နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ နယ်ပယ်စုံက သူမကိုချစ်တဲ့သူတွေက သူမကိုအောက်မေ့သတိရကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

Star Wars Original Trilogy ကတည်းက သူမနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ သူမရဲ့ အနုပညာမောင်နှမဖြစ်တဲ့ Mark Hamill (Luke Skywalker) က “No one’s ever really gone” ဆိုတဲ့စာသားလေးနဲ့ သူမတို့နှစ်ယောက်တွဲဖက်ရိုက်ကူးထားတဲ့ဓာတ်ပုံတွေတင်ခဲ့ပါတယ်။ ဒီစာသားလေးက ရင်ထဲကိုထိသွားစေတာတော့အမှန်ပါပဲ။

Carrie Fisher ရဲ့ သမီးဖြစ်တဲ့ Billie Lourd ကလည်း သူမမိခင်နှစ်သက်တဲ့ Northern Lights ရှိတဲ့နေရာဆီသွားပြီး သူမမိခင်ကိုအောက်မေ့သတိရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Dictionary ကြီး Merriam-Webster က ‘Princess’ ဆိုတဲ့စကားလုံးရဲ့ အနက်အဓိပ္ပာယ်ကို #CarrieOnForever ဆိုတဲ့ hashtag လေးနဲ့တွဲပြီးဖော်ပြရင်း Carrie Fisher ကို tribute ပေးခဲ့ပါတယ်။

Comic ရေးဆွဲသူ Bill Sienkiewicz ကလည်း Carrie Fisher ရဲ့ Princess Leia အသွင်ကို ရေးဆွဲပြီး သူမကိုအောက်မေ့သတိရကြောင်းဖော်ပြခဲ့ပါတယ်။

DeviantArt ကလည်း အောက်မှာဖော်ပြထားတဲ့ Carrie Fisher ရဲ့ပုံကိုတင်ပြီး သူမဟာဘယ်တော့မှ အဝေးကိုထွက်သွားမှာမဟုတ်ဖူးလို့ ဖော်ပြခဲ့ပါတယ်။

Carrie Fisher ကတော့ သူမဆန္ဒရှိခဲ့တဲ့အတိုင်း လရောင်အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့အိပ်စက်နေပါပြီ။ ဒါပေမယ့် သူမကိုချစ်တဲ့သူတွေရဲ့ရင်ထဲမှာတော့ Princess Leia ရဲ့ပုံရိပ်ကအမြဲရှိနေမှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *