Chicken Run 2 ထုတ်မယ်လို့ ကြေညာလိုက်ပြီ

chicken-run

လူကြီးတွေနဲ့ 90’s Born တွေကတော့ ၂၀၀၀ ခုနှစ်ကထွက်ခဲ့တဲ့ Chicken Run ဆိုတဲ့ ကာတွန်းကားလေးကို ကြည့်ဖူးကြလောက်မှာပါ။ သူတို့ကိုသတ်ပြီး Chicken Pie လုပ်ဖို့ကြံစည်နေတဲ့ ကြက်ခြံပိုင်ရှင်လက်ထဲကနေ အသက်လုပြီးထွက်ပြေးကြတဲ့ ကြက်တွေအကြောင်း သရုပ်ဖော်ရိုက်ကူးထားတဲ့ ဒီ Stop-Motion ကာတွန်းကားဟာ အက်ရှင်ပိုင်းရော၊ ဟာသပိုင်းပါ ရသပီပီပြင်ပြင်ပေးနိုင်လို့ အထပ်ထပ်အခါခါ ပြန်ကြည့်ဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။

 

သူထွက်ရှိခဲ့တဲ့နှစ်မှာဆိုရင်လည်း ရွှေကမ္ဘာလုံးနဲ့ BAFTA ဆုပေးပွဲတို့မှာ ဆန်ခါတင်စာရင်းထဲပါဝင်ခဲ့ပြီး အခြားဆုပေးပွဲပေါင်းများစွာမှာလည်း အကောင်းဆုံး Animated Film ဆုတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ Rotten Tomatoes မှာဆိုရင်လည်း 97% Rating နဲ့ ပျမ်းမျှရမှတ် 8.1/10 ရရှိထားပါတယ်။ ရုံတင်ပြသခဲ့စဉ်တုန်းကလည်း ဒေါ်လာ ၂၂၅ သန်းဝင်ငွေရရှိခဲ့ပြီး ယခုအချိန်အထိ “အအောင်မြင်ဆုံး Stop-Motion Animated Film” အဖြစ် မှတ်ကျောက်တင်ထားနိုင်ခဲ့ပါတယ်။

 

အခုတော့ အဲဒီကာတွန်းကားလေးရဲ့ Sequel “Chicken Run 2” ကို ရိုက်ကူးထုတ်လုပ်မယ်လို့ Aardman Animations က ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီ Sequel ရဲ့ဇာတ်ညွှန်းကို ပထမဇာတ်ကားရဲ့ဇာတ်ညွှန်းကို ရေးသားပေးခဲ့သူတွေကပဲ ပြန်လည်တာဝန်ယူရေးသားပေးသွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထွက်ရှိမယ့်ရက်၊ ပါဝင်မယ့်အသံသရုပ်ဆောင် စတာတွေကိုတော့ ထုတ်ဖော်ကြေငြာခြင်း မရှိသေးပါဘူး။ ဘယ်လိုပဲပြောပြော Sequel ထွက်မယ်ဆိုတဲ့သတင်းနဲ့တင် တော်တော်လေးကျေနပ်ဖို့ကောင်းနေပြီပဲဖြစ်ပါတယ်။ ပထမဇာတ်ကားကိုမကြည့်ဖူးသေးဘူးဆိုရင်လည်း ကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

 

 

Ref: THR

Leave a Reply

Your email address will not be published. Required fields are marked *