ပိုက်ဆံပေးရင် Review အဆိုးမရေးပေးတော့ဘူးဆိုပြီး ငွေညစ်ခံရပါတယ်လို့ ဆိုလာတဲ့ ‘ကောလိပ်ဂျပိုး’

လက်ရှိရုံတင်နေတဲ့ ‘ကောလိပ်ဂျပိုး’ ရုပ်ရှင်ဟာ သူတို့အနေနဲ့ ပိုက်ဆံပေးမယ်ဆိုရင် ရုပ်ရှင်ကိုမကောင်းဝေဖန်တဲ့ review တွေမရေးပေးတော့ဘူး ဆိုပြီး အကြပ်ကိုင်ငွေညစ်ခံခဲ့ရတယ်လို့ ပြောကြားလာပါတယ်။ အဲဒီအကြောင်းကို ကောလိပ်ဂျပိုး Facebook စာမျက်နှာကနေတစ်ဆင့် “ငွေညှစ်ခံရတဲ့ ကောလိပ်ဂျပိုး” ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

 

အဲဒီ post မှာ ကောလိပ်ဂျပိုးရုပ်ရှင်အနေနဲ့ အဲဒီလိုကမ်းလှမ်းလာခြင်းခံရတဲ့အတွက် တုန်လှုပ်ခြောက်ခြားမိတယ်ဆိုပေမယ့် သူတို့အနေနဲ့ အဲဒီကမ်းလှမ်းချက်ကို လက်ခံမှာမဟုတ်ပါဘူးလို့ ဖော်ပြထားခဲ့ပါတယ်။ Comment section ထဲမှာဆိုရင်လည်း ရုပ်ရှင်ကိုနှစ်သက်သူတွေရဲ့ comment တွေ၊ ဒီကြေညာချက်အပေါ် သံသယရှိသူတို့ရဲ့ comment တွေနဲ့ ပြည့်နှက်နေတာကို တွေ့မြင်နိုင်ပါတယ်။

 

‘ကောလိပ်ဂျပိုး’ ရုပ်ရှင်အကြောင်း review ရေးသားဖူးတဲ့ အဖွဲ့အစည်းတွေကလည်း ဒီကြေညာချက်နဲ့ပတ်သက်ပြီး တာဝန်ယူဖို့နဲ့ အထောက်အထားနဲ့တကွ တိကျခိုင်မာတဲ့ ဖြေရှင်းချက်တစ်ခုထုတ်ပေးဖို့ လပ်ကီးဆဲဗင်း (Lucky Seven) ရုပ်ရှင်ထုတ်လုပ်ရေးကို တောင်းဆိုနေကြပါတယ်။

 

 

ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံနေရပေမယ့် ‘ကောလိပ်ဂျပိုး’ ရုပ်ရှင်ဟာ ဒုတိယရက်သတ္တပတ် ထပ်တိုးပြသခွင့်ရရှိသွားတယ်လို့ သိရပါတယ်။ ယနေ့ ၁၆.၂.၂၀၁၈ ကနေ ၂၂.၂.၂၀၁၈ အထိ ထပ်တိုးပြသသွားမှာဖြစ်ပြီး လက်ရှိပြသနေတဲ့ မြန်မာနိုင်ငံအနှံ့ကရုပ်ရှင်ရုံတွေမှာ ဆက်လက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *