Comic ဆရာကြီး Mark Miller ပြောတဲ့ လက်ရှိ DC ရုပ်ရှင်တွေ မအောင်မြင်ရတဲ့ အကြောင်းရင်း

Batman Vs Superman: Dawn of Justice, Suicide Squad, Justice League, Wonder Woman… ဒါတွေက လောလောလတ်လတ် ဒီနှစ်ပိုင်းတွေထဲ ထွက်ရှိထားတဲ့ DCEU ရုပ်ရှင်တွေပါ။ အဲဒီအထဲကမှ Wonder Woman တစ်ကားတည်းပဲ ကောင်းကောင်းကန်းကန်း ချီးကျူးခံရပြီး ကျန်တဲ့ဇာတ်ကားတွေအကုန်လုံး critic တွေရဲ့ ပယ်ပယ်နယ်နယ် အမဲဖျက်ခြင်းကိုခံခဲ့ရပါတယ်။

 

အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး comic writer ကြီး Mark Miller ကို DCEU ရုပ်ရှင်တွေ ဘာပြဿနာရှိနေလို့လည်းဆိုပြီး Yahoo ကမေးမြန်းခဲ့ပါတယ်။ Mark Miller ဆိုတာကတော့ Marvel ဖက်မှာ Fantastic Four, X-Men, Civil War စတာတွေ၊ DC ဖက်မှာဆိုရင် Superman, The Flash, Justice League of America စတဲ့ comic တွေမှာ ပါဝင်ရေးဆွဲခဲ့တဲ့ comic writer ကြီးတစ်ယောက်ဖြစ်ပါတယ်။

 

ဒီမေးခွန်းကို Mark Miller က အောက်ပါအတိုင်း ဖြေကြားသွားခဲ့ပါတယ် ~

 

“ကျွန်တော်ဟာ DC ဇာတ်ကောင်တွေကို Marvel ထက်ပိုပြီးနှစ်သက်သူတစ်ယောက်ပါ.. ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပဲပြောမယ်.. DC ဇာတ်ကောင်တွေက ရုပ်ရှင်နဲ့မလိုက်ဖက်ဘူးဗျ။ ဥပမာပေးမယ်ဗျာ.. Superman, Batman နဲ့ Wonder Woman တို့က ကျွန်တော်အနှစ်သက်ဆုံး character တွေထဲမှာပါဝင်ပါတယ်။ အဲဒီ hero တွေထဲမှာ Batman ကလွဲပြီး ကျန်တဲ့သူတွေအားလုံးရဲ့ဇာတ်ရုပ်က သူတို့ရဲ့ superpower ကိုအခြေခံထားကြတယ်။ Marvel ရဲ့ hero တွေကိုကြည့်လိုက်.. သူတို့တွေဟာ personality ကိုအခြေခံထားကြတယ်.. Peter Parker (Spider-Man) နဲ့ X-Men တွေကိုပဲကြည့်.. သူတို့တွေမှာ ရုပ်ရှင်ကြည့်ပရိသတ်တွေ ကိုယ်တိုင်ဝင်ရောက်ခံစားလို့ရတဲ့ personality တွေရှိကြတယ်။”

 

“DC မှာဆိုရင် အဲဒီလို character မျိုးဆိုလို့ Batman တစ်ယောက်ပဲရှိတယ်။ Green Lantern ကိုကြည့်လိုက်.. သူ့မှာ စိတ်ကူးလိုက်တဲ့အရာတွေကို အရာဝတ္ထုအဖြစ်ပြောင်းပေးနိုင်တဲ့ လက်စွပ်တစ်ကွင်းရှိပြီး သူက အဝါရောင်နဲ့မတည့်ဘူး။ အဲဒါလေးနဲ့ ဘယ်လိုလုပ်ပြီး ရုပ်ရှင်တစ်ကားဖန်တီးလို့ရမှာလဲ.. ဒါတွေကိုစတင်ရေးဆွဲခဲ့တဲ့ ၁၉၅၂ ခုနှစ်တုန်းကဆိုရင်တော့ ဒါတွေကအိုကေပေမယ့် ဒီခေတ်ပရိသတ်တွေအတွက်ကတော့ လုံးဝအဆင်မပြေတော့ဘူး။”

 

“ကျွန်တော်ဒီလိုပြောလို့ ဝိုင်းဝေဖန်ကြမယ့်လူတွေရှိတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောတာ မှန်တယ်မမှန်ဘူးဆိုတာအတွက် သက်သေတွေရှိပြီးသားပါ။ အရမ်းတော်တဲ့ ဒါရိုက်တာတွေ၊ စာရေးဆရာတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ လက်တွဲပြီး ပိုက်ဆံသန်းပေါင်းများစွာအကုန်ခံလို့ ရိုက်ကူးခဲ့ကြပေမယ့် ဒီရုပ်ရှင်တွေက ကောင်းကောင်းကန်းကန်းကို ဖြစ်မလာဘူးလေ။ အပေါ်မှာပြောခဲ့သလိုပဲ ဒီ character တွေဟာ သူတို့ကိုဖန်တီးခဲ့တဲ့အချိန်တုန်းကအိုကေပေမယ့် အခုခေတ်မှာ မအိုကေတော့ဘူးလို့မြင်တယ်။ အခုဆိုရင် ဒီ character တွေကို ကလေးတွေတောင် အရမ်းမိုက်တာပဲ လို့ သိပ်မထင်ကြတော့ဘူး။ ကျွန်တော် Superman ကိုအရမ်းကြိုက်ပါတယ်.. ဒါပေမယ့် သူဟာ သမိုင်းထဲက အမေရိကကိုပဲ ကိုယ်စားပြုတော့တယ်.. သူဟာ ၂၀ ရာစုနှစ်ကိုပဲကိုယ်စားပြုပါတယ်။”

 

မိတ်ဆွေတို့ရော Mark Miller ပြောသွားတာလေးကို ဘယ်လိုမြင်ပါသလဲ.. သူပြောသွားသလိုပဲ DC character တွေကိုယ်တိုင်ကိုက ပြဿနာတက်နေတာလား.. ဒီ character တွေကို ပြန်ပြင်သင့်တန် ပြန်ပြင်ရမှာလား… Warner Bros အနေနဲ့ရော DCEU ရဲ့အနာဂတ်ကို ဘယ်လိုပုံဖော်သွားသင့်သလဲ..

 

သေချာတာတစ်ခုကတော့ Warner Bros/DC အနေနဲ့ ဒီနံရံကြီးကိုပဲ မရမကဆက်တိုးနေရင် Marvel ရဲ့ MCU ဇာတ်ကားတွေက လေချွန်ပြီး ရှေ့ကဆက်လက်ဦးဆောင်နေဦးမှာပဲဖြစ်ပါတယ်။

 

Ref: Yahoo

Leave a Reply

Your email address will not be published. Required fields are marked *