Thriller ကာတွန်းလေး Coraline

Coraline ကားကြည့်ဖူးလားလို့ မေးလိုက်ရင် တော်တော်များများက မသိကြပါဘူး။ ဒါပေမယ့် Coraline ကားလေးက အရမ်းကို ကြည့်လို့ကောင်းတဲ့ ကာတွန်းကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ Coraline ဆိုတဲ့ ကောင်မလေးက အမြဲတမ်း နေရာအသစ်ကို ရှာဖွေနေတတ်တဲ့ သူတစ်ယောက်ပါ။ အကြောက်တရားနည်းပြီး စွန့်စားတတ်တယ်။

 

ဒီကမ္ဘာကြီးက သူ့အတွက် မကောင်းသေးဘူး မလုံလောက်သေးဘူးလို့ ခံစားနေရတဲ့ သူပါ။ ဒီလိုနဲ့ Coraline တစ်ယောက် အသစ်ပြောင်းလိုက်တဲ့ အိမ်မှာ ထူးဆန်းတဲ့ တံခါးတစ်ချပ်ကို တွေ့ခဲ့ပါတယ်။ ဒီတံခါးရဲ့နောက်ကွယ်မှာတော့ Alternate World ဆိုတဲ့ ကမ္ဘာတစ်ခုရှိပါတယ်။

 

အဲ့ကမ္ဘာကို Coraline တစ်ယောက် အရမ်းကို သဘောကျနေခဲ့ပါတယ်။ အရာအားလုံးက သူ့အတွက် အဆန်းတွေချည်းပဲ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ Alternate world ဖြစ်တဲ့အတွက် အဲ့ဘက်မှာလည်း Coraline ရဲ့ မိသားစု ရှိပါတယ်။ အဲ့ဘက်ကမ္ဘာက Other mother က Coraline ကို ဒီဘက်ကမ္ဘာကို ပြန်မလာစေချင်ပါဘူး။

 

Coraline ကလည်း ကြာတော့ Alternate world အန္တရာယ်များတယ်ဆိုတာကို သိလာတော့ ပြန်ချက်လာပါတယ်။ အဆိုးဆုံးအချက်က ပြန်ခွင့်မရတော့တာနဲ့ လူသားတွေအားလုံးက မျက်လုံးနေရာမှာ ကြယ်သီးတွေ တပ်ပြီးတော့ Alternate world ထဲမှာ အပြီးနေသွားရမှာပဲ ဖြစ်ပါတယ်။

 

ဒီတော့ Coraline တစ်ယောက် အိမ်ပြန်လို့ ရမရ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။ ကာတွန်းကားဆိုပေမယ့် ထူးထူးခြားခြား Thriller ဖြစ်တဲ့အပြင် IMDb rating ကလည်း 7.7/10 ရထားတာဆိုတော့ ကြည့်ရတာ တန်မယ့်ကားလေးတစ်ကားဖြစ်ကြောင်း လက်တို့ပေးလိုက်ပါတယ်နော်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *