Creed II ပိုစတာကို Instagram မှာ share လိုက်တဲ့ Stallone

ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး Stallone ပါဝင်သရုပ်ဆောင်ထားတဲ့ Creed II ရုပ်ရှင်ကို နိုဝင်ဘာလမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Creed ကိုကြည့်ဖူးတဲ့ သူတွေနဲ့ မစိမ်းတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Creed II ရုပ်ရှင်ရဲ့အကြောင်းကိုတော့ အခုထိလူအများက သိပ်မကြားသိရသေးပါဘူး။ Creed II ရုပ်ရှင်ရဲ့ poster ကို Stallone က သူ့ရဲ့ instagram မှာတင်လိုက်ပေမယ့် Not official

လို့လည်းပြောထားပါသေးတယ်။ ဇာတ်လမ်းရဲ့ အကြောင်းနဲ့ cast announcement များကိုလည်း သေချာပြောပြထားခြင်း မရှိသေးပါဘူး။  Creed II  ရဲ့ဒါရိုက်တာကတော့ Steven Caple Jr. ဖြစ်ပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ မကြာခင်က ရုံတင်ပြသခဲ့တဲ့ Black Panther မင်းသား Michael B. Jordan ဖြစ်ပြီး  Thor: Ragnarok  ထဲက Tessa Thompson လည်းပါဝင်အုံးမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ယောက်ကတော့ လူကြီးလူငယ်အားလုံးသိကြတဲ့ မင်းသားကြီး Sylvester Stallone တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကလည်း အမိုက်စားတွေဖြစ်လို့ တကယ့် must watch ဖြစ်လာမယ့်ဇာတ်ကားစာရင်းထဲမှာ ပါဝင်လာမယ့် ဇာတ်ကားဆိုတာကို ယုံကြည်နေပါတယ်။ ၂၀၁၅ က Creed ဇာတ်လမ်းကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကတော့ Black Panther ရဲ့ ဒါရိုက်တာ Ryan Coogler ဘဲဖြစ်ပါတယ်။

Fight time …FANPOSTER!!! Not official #creed 2 #healthylifestyle #rockybalboa1976

A post shared by Sly Stallone (@officialslystallone) on

Leave a Reply

Your email address will not be published. Required fields are marked *