ဓါတ်ဗူး (Deadpool) 2 လာပြီ

၂၀၁၆ မှာ ထွက်ရှိပြီး လူမှုကွန်ယက်တွေပေါ်မှာ ဓါတ်ဗူး ရယ်လို့ ချစ်စနိုးခေါ်ဝေါ်ကာ လူငယ်တွေအကြား ရေပန်းစားခဲ့တဲ့ Deadpool ကို မှတ်မိကြဦးမှာပါနော်။ DeadPool ဟာ Marvel ရဲ့ Super Hero ဖြစ်ကာ X-men စီးရီးစ်ရဲ့ ဆယ့်တစ်ယောက်မြောက် Super Hero လည်းဖြစ်ပါတယ်။ ဟာသဉာဏ်ရွှင်တဲ့ Deadpool ဆိုသူက Super Hero အဖြစ် မင်းသားချော Ryan Reynolds က သရုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒီနောက် Deadpool 2 ထွက်ရှိမယ်လို့ ကြော်ငြာခဲ့ချိန်ကစလို့ Deadpool ပရိသတ်တွေ မျှော်လင့်စောင့်စားခဲ့ကြရသလို ရုပ်ရှင်သတင်းတွေမှာလည်း Deadpool 2 နဲ့ပတ်သက်တဲ့ သတင်းတွေ မကြာခဏတက်လာခဲ့ပါတယ်။ ကနဦးကြေငြာချက်မှာ Deadpool ကို June လထဲမှာ ရုံတင်မယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ May လထဲမှာ ပြသမယ်လို့ ပြောင်းလဲကြေငြာခဲ့တာပါ။ (ပရိသတ်တွေအတွက်တော့ စောစောကြည့်ရလေပိုကောင်းလေပေါ့နော်…)

ပြောင်းလဲကြေငြာချက်အရဆိုရင် မေလ ၁၈ရက်နေ့ ၂၀၁၈ မှာရုံတင်မယ်လို့ကြေငြာခဲ့တာပါ။ မြန်မာပြည်က ပရိသတ်တွေအတွက်သတင်းကောင်းကတော့ နိုင်ငံတကာနဲ့ တစ်ရက်တည်းဖြစ်တဲ့ မေလ ၁၈ရက်မှာပဲ မြန်မာနိုင်ငံမှာ ရုံတင်ပြသမယ်လို့ ရုပ်ရှင်ရုံတွေက ကြေငြာခဲ့ပါတယ်။ ကြေငြာချက်တွေအရ မြန်မာပြည်ရဲ့ ထိပ်တန်း ရုပ်ရှင်ရုံတွေဖြစ်တဲ့ မင်္ဂလာနဲ့ JCGV က ရုံတွေအားလုံးမှာပြသမှာပါတဲ့။

အခုထွက်ရှိလာမယ့်ဇာတ်လမ်းအရ Deadpool ဟာ X-force ဆိုတဲ့ အဖွဲ့ကိုဖွဲ့စည်းခဲ့ကာ အသွင်ပြောင်းလူသားငယ်လေးကို Cable ရဲ့ ရန်ကနေကာကွယ်ပေးကြပုံကို ဇာတ်လမ်းဖွဲ့ထားတာဖြစ်ပါတယ်။ Deadpool 2 အတွက် ပရီမီယာရှိုးကို မေလဆယ်ရက်နေ့က လန်ဒန်မှာ ကျင်းပခဲ့ပြီး ဝေဖန်ရေးသမားတွေဆီက ရလာဒ်ကောင်းတွေရရှိခဲ့တယ်လို့ ကြားသိခဲ့ပါတယ်။

ဒါ့အပြင် Deadpool 2 ရုပ်ရှင်ကို နာမည်ကျော် ရုပ်ရှင်သုံးသပ်တဲ့ Websites တွေဖြစ်တဲ့ Rotten Tomatoes က Rating 7.3 ပေးခဲ့ပြီး IMDB ကတော့ Rating 8.9 တောင် ပေးထားပြီးသားဖြစ်ပါတယ်။ ကဲ… အချိန်ဆွဲမနေပါနဲ့တော့။ သူများထက်ဦးအောင် ကြည့်ချင်ရင် ဒီတစ်ပတ်သောကြာနေ့ မေလ ၁၈ရက်နေ့မှာရုံတင်မယ့် Deadpool 2 အတွက်လက်မှတ်ကြိုဖြတ်ထားလိုက်ပါတော့နော်။

Leave a Reply

Your email address will not be published. Required fields are marked *