‘Deadpool 2’ ဒါရိုက်တာ David Leitch က ‘Fast and Furious’ Spinoff ကို ရိုက်ကူးနိုင်ခြေရှိ

John Wick, Deadpool 2 စတဲ့ ဇာတ်ကားတွေကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာ David Leitch ဟာ အခုဆိုရင် ‘Fast and Furious’ ရဲ့ spinoff ဇာတ်ကားကို ဖန်တီးရိုက်ကူးပေးဖို့အတွက် Universal Pictures နဲ့ စတင်ညှိနှိုင်းနေပြီဖြစ်ပါတယ်။ Leitch အနေနဲ့ကတော့ ဒီလို စူပါ blockbuster franchise ကြီးကိုကိုင်တယ်ခွင့်ရမယ်ဆိုတာဟာ မဟာအခွင့်အရေးကြီးပဲဖြစ်ပါတယ်။

 

ဒီ Fast and Furious ဇာတ်ကားဟာ Dwayne Johnson ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Diplomatic Security Service agent တစ်ယောက်ဖြစ်သူ Luke Hobbs နဲ့ Hobbs ရဲ့မဟာရန်သူကြီး Deckard Shaw (Jason Statham) တို့နှစ်ယောက်အကြောင်းကို ရိုက်ကူးဖော်ပြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဖန်တီးဖြစ်ဖို့ အကြောင်းဖန်လာတာက The Fate of the Furious ရိုက်နေစဉ်ကာလအတွင်းမှာ အထက်ပါမင်းသားတို့နှစ်ယောက် အတွဲညီလှပုံကိုမြင်ရာကနေ စတင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်ညွှန်းကို The Fast and the Furious: Tokyo Drift ကတည်းကနေ ဇာတ်ညွှန်းရေးသားပေးလာတဲ့ Chris Morgan ကပဲ ဆက်လက်တာဝန်ယူ ရေးသားပေးသွားမှာဖြစ်ကာ ဒါဟာ သူ့ရဲ့ သတ္တမမြောက် Fast and Furios ဇာတ်ကားဖြစ်လာမှာ ဖြစ်ပါတယ်။

 

လောလောဆယ်မှာတော့ ဒီ spinoff ဇာတ်ကားကို ၂၀၁၉ ဇူလိုင် ၂၆ ရက်နေ့ပြသမယ်လို့လျာထားပြီး ဒီ spinoff ကိုနေရာပေးဖို့အတွက် Fast and Furious 9 ကို ၂၀၂၀ အထိ ၁ နှစ်အနောက်ဆုတ်လိုက်ရပါတယ်။ အဲဒါကြောင့်လည်း Universal က Fast and Furious fan တွေ ဝိုင်းမေတ္တာပို့တာ ခံလိုက်ရပါသေးတယ်။ Universal အနေနဲ့ကလည်း သူ့ရဲ့တန်ဖိုးအရှိဆုံး franchise တစ်ခုကို ပိုမိုကြီးထွားလာစေချင်လို့ ဒီလိုစီစဉ်လိုက်ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။

 

Ref: THR

Leave a Reply

Your email address will not be published. Required fields are marked *