Superhero fan တွေအတွက် Deadpool 2 ကိုမကြာခင်ရုံတင်တော့မည်…

လူငယ်ကြိုက်ဇာတ်ကားထဲမှာ ပါဝင်သော Superhero တစ်ယောက်လည်းဖြစ်တဲ့ Deadpool ကိုတော့ မှတ်မိကြမယ်ထင်ပါတယ်။ Superhero တစ်ယောက်ဖြစ်တဲ့ Deadpool ကို ၂၀၁၆ မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ စတင်မိတ်ဆက်ပေးကတည်းက လူကြိုက်များလာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ Deadpool 2 ကို ထပ်မံဖန်တီးပြီး ပြသတော့မှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ Deadpool 2 ကို မကြာခင်ရုံတင်ပြသတော့မယ့်အကြောင်းကို ဝမ်းသာအားရသတင်းကောင်းပါးလိုက်ပါရစေ။ Deadpool 2 ရဲ့ Release date ကို အစကတော့ June လ ၁ရက်နေ့လို့ ပြောကြားထားပေမယ့် အခုချိန်မှာတော့ May ၁၈ရက်နေ့ကို ပြောင်းလဲလိုက်ပါတယ်။ 20th Century Fox ကနေ ဖြန့်ချီပေးသွားမှာဖြစ်ပြီး အရင် Deadpool နဲ့ ဘာတွေကွာခြားသွားမလဲ ဘယ်လိုတွေထူးခြားလာမလဲဆိုတာကိုတော့ Superhero fan တွေအားလုံး Tralier ကြည့်ရင်း ဇာတ်လမ်းအကြိုရင်ခုန်ကြည့်လိုက်ကြရအောင်။

Leave a Reply

Your email address will not be published. Required fields are marked *