လူသားသရုပ်ဆောင်များနဲ့ (Live Version)  မြင်တွေ့ရမယ့် Disney ရဲ့ နာမည်ကျော်ဇာတ်ကားများ

သင်ဟာ ကမ္ဘာကြီးရဲ့ဘယ်နေရာဒေသမှာ မွေးဖွားသည်ဖြစ်စေ ဒစ်စနေရဲ့ ကာတွန်းကားတွေနဲ့ သင့်ကလေးဘဝကို ဖြတ်သန်းခဲ့ရမယ်ဆိုတာ သေချာပါတယ်။ ၈၀,၉၀,၂ဝဝဝ မှာမွေးဖွားသူတွေ (80,90,2000’s Kids) အတွက်ကံကောင်းတာက ကြီးပြင်းလာချိန်မှာ ဒစ်စနေးဟာ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ ကာတွန်းရုပ်ရှင်တွေကို လူသားသရုပ်ဆောင်တွေနဲ့ပြန်လည်ရိုက်ကူးတဲ့ (Live Version) ကိုကြည့်ရှူခံစားခွင့်ရတာပါ။

လွန်ခဲ့တဲ့နှစ်တွေမှာSnow White, Cindrella, Maleficent, Beauty and the Beast အစရှိတဲ့ ရုပ်ရှင်တွေကို ပြန်လည်ရိုက်ကူးတင်ဆက်မှုတွေကြည့်ရှူခံစားခဲ့ရပြီးပါပြီ။ အခု 2018 ထဲမှာရော လာမယ့် 2019 ထဲမှာပါ ဆက်လက်ရိုက်ကူးရုံတင်သွားမယ့် ကားတွေကို ဒစ်စနေက ကြေငြာပြီးပါပြီ။ အဲ့ဒီထဲမှာ တစ်ချိန်က ကလေးတို့အသဲစွဲ ရေသူမလေး Little Mermaid ကားနဲ့ ဆင်ကလေး Dumbo တို့ကားတွေပါဝင်ပါတယ်။ ရေသူမလေးကားကိုတော့ လာမယ့် ၂၀၁၈ သြဂုတ်လထဲမှာ ရုံတင်ပြသမယ်လို့ကြေငြာထားပါတယ်။ ဒီဇာတ်ကားရဲ့ Official Trailer ကိုလဲ ထုတ်လွှင့်ပြသပြီး ဖြစ်ပါတယ်။

ဆင်ကလေး Dumbo အကြောင်းရုပ်ရှင်ကိုတော့ Official Teaser ထုတ်လွှင့်ပြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၉ ဇွန်လထဲမှာမှ ရုံတင်မှာပါ။ နောက်ထပ်ပြန်လည်ရိုက်ကူးဖို့ ကြေငြာထားတာတွေကတော့ အာလာဒင် နဲ့ The Lion King တို့ဖြစ်ပါတယ်။ Mulan ရုပ်ရှင်ကိုတော့ မူလက ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ရုံတင်ဖို့ကြေငြာထားပေမယ့် ယခုတော့ ၂၀၂ဝ မှ ရုံတင်မယ်လို့ ကြေငြာလိုက်ပါတယ်။ ပြန်လည်ရိုက်ကူးတဲ့ ဒစ်စနေးရုပ်ရုင်တွေဟာ မူရင်းဇာတ်လမ်းကို ကျောရိုးလောက်သာ ယူထားတာမို့ မတူတဲ့ခံစားချက်ရရှိပါတယ်။ ဒါကြောင့် ဒစ်စနေးပရိသတ်တို့ ပျော်ရွှင်စေဖို့် လာမယ့်ရုပ်ရှင်တွေအကြောင်းတင်ပြလိုက်ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *