Disney ချစ်သူလေးတွေအတွက် မကြာခင်ပြသတော့မယ့် The Nutcracker and the Four Realms

ငယ်ရွယ်စဉ်ကလေးဘဝကတည်းက ကလေးတိုင်းလိုလို အတူကြီးပြင်းလာခဲ့ရတဲ့ Disney ကမ္ဘာလေးကိုတော့ ဘဝအတွက် အမြဲမှတ်မှတ်ရရရှိနေကြလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်အသက်အရွယ်ကိုဘဲရောက်ရောက် Disney ကဇာတ်ကားလေးတွေဟာ ရိုးမသွားနိုင်ဘဲ ဒီနေ့ထိလည်း ဖန်တီးမှုအသစ်တွေနဲ့ ပရိသတ်ကို ချပြနေဆဲပါ။ အခုတခါလည်း Disney ကနေ ပရိသတ်အတွက် The Nutcracker and the Four Realms လို့အမည်ရတဲ့ ဇာတ်ကားအသစ်တစ်ကားကို ချပြဖို့ရှိနေပါတယ်။ ဒီဇာတ်ကားလေးကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ ကြေငြာထားပြီး fantasy film လို့ခေါ်တဲ့ Disney ရဲ့ပုံစံအတိုင်း စိတ်ကူးယဉ်ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Lasse Hallström ကနေ E. T. A. Hoffmann’s The Nutcracker and the Mouse King  ဆိုတဲ့ စာအုပ်ကိုအခြေခံပြီး ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။

 

ဒီဇာတ်ကားမှာတော့ Disney ရဲ့ပုံစံအတိုင်း မှော်ပညာတွေ ချစ်စရာတိရစ္ဆာန်လေးတွအပြင် စိတ်ကူးယဉ်ပုံဖော်ထားတဲ့ နေရာဒေသအသစ်အဆန်းလေးတွေကိုပါ မြင်တွေ့ရအုံးမှာ ဖြစ်ပါတယ်။ လောလောဆယ်ထွက်ရှိထားတဲ့ trailer မှာတော့ ဇာတ်လမ်းပုံစံကို အရိပ်အမြွတ်တောင် သေချာပြမထားသေးတာကိုလည်း တွေ့ရပါတယ်။

ဒါပေမဲ့ ဇာတ်လမ်းပုံစံကို သေချာမသိရသေးပေမယ့်လည်း Disney ချစ်သူတွေအတွက်ကတော့ Disney ရဲ့ ဇာတ်ကားတစ်ကားရှိနေပြီဆိုတဲ့ အသိနဲ့တင် ဝမ်းသာလို့ရနေပါပြီ။ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာလည်း တင်ပြပေးသွားမယ်လို့လည်း ကြေငြာထားတာတွေ့ရပါတယ်။ ဇာတ်ကားလေးရဲ့ အသေးစိတ်ကိုလည်း ရုံတင်ဖို့ရက်နီးကပ်လာရင် ထပ်မံဖော်ပြပေးသွားအုံးမှာဖြစ်လို့ ဆက်လက်အားပေးပါအုံးလို့ တိုက်တွန်းလိုက်ချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *