၂၀၁၇ တစ်နှစ်တာရဲ့ Box Office မှာ ပထမနေရာရယူသွားပြန်တဲ့ Disney

Disney ကတော့ ၂၀၁၇ Box Office ရဲ့ ပထမနေရာကိုရယူသွားခဲ့ပါတယ်။ Disney ဟာ ၂၀၁၇ ခုနှစ်တစ်နှစ်တာအတွက် စျေးကွက်ဝေစု ၂၁.၂ % ရရှိခဲ့ပြီး ဝင်ငွေစုစုပေါင်း ဒေါ်လာ ၂.၂၄ ဘီလီယျံနဲ့ ပထမနေရာကိုရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပမာဏဟာ ယမန်နှစ်ကရရှိခဲ့တဲ့ ဒေါ်လာ ၃ ဘီလီယျံကိုမမှီသေးပေမယ့် ၂၀၁၇ ရဲ့နောက်ဆုံးကျန်တဲ့ရက်သတ္တပတ်အတွင်းမှာ Star Wars: The Last Jedi ကရှာပေးဦးမယ့်ပမာဏမပါဝင်သေးပါဘူး။ အဲဒီတော့ နှစ်ကုန်လို့စာရင်းချုပ်ရင် ယခုဖော်ပြထားတဲ့ပမာဏထက်ပိုများနိုင်ပါတယ်။

Warner Bros က စျေးကွက်ဝေစု ၁၉.၁ % နဲ့ ဒုတိယနေရာမှာလိုက်နေပြီး ဝင်ငွေစုစုပေါင်း ၂.၀၂ ဘီလီယျံရရှိထားပါတယ်။ တတိယနေရာကိုတော့ ၁၅.၁ % ၊ ဒေါ်လာ ၁.၆ ဘီလီယျံတို့နဲ့ Universal ကရရှိထားပါတယ်။ ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုက အဲဒီလောက်ဝင်ငွေရဖို့ Warner Bros က ရုပ်ရှင်ကားပေါင်း ၃၃ ကား၊ Universal က ၂၆ ကား အသီးသီးထုတ်လုပ်ခဲ့ရချိန်မှာ Disney က စုစုပေါင်းရုပ်ရှင် ၁၂ ကားတည်းနဲ့ ပထမနေရာကိုယူသွားတာပါ။ Disney ကို ဝင်ငွေအများဆုံးရှာပေးခဲ့တဲ့ဇာတ်ကားတွေကတော့ Beauty and the Beast ($504 million), Guardians of the Galaxy Vol.2 ($389.8 million), Thor: Ragnarok ($309.7 million) နဲ့ ယခုလက်ရှိရုံတင်နေတဲ့ Star Wars: The Last Jedi ($423.3 million) တို့ပဲဖြစ်ပါတယ်။

Ref: Box Office Mojo

Leave a Reply

Your email address will not be published. Required fields are marked *