ကမ္ဘာကြီးမှာလူတွေရဲ့အရွယ်အစားကို သေးငယ်ပစ်လိုက်ရင် ဘာတွေဆက်ဖြစ်မလဲဆိုတဲ့ ”Downsizing”

December 22, 2017 မှာတော့ Paramount Pictures မှာ ”Downsizing” ကို release လုပ်လိုက်ပါတယ်။ National Board of Review မှာ 2017 ရဲ့ top ten film အဖြစ်ရွေးချယ်ခံထားရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ပြောင်းလဲလာတဲ့ အခြေနေအကြောင်းအရင်းတွေနဲ့ လူဦးရေထူထပ်လာမှုတွေကြောင့် လူတွေရဲ့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးတွေကိုပါ အခက်ခဲတွေ ကြုံတွေ့လာရပြီး လူသားမျိုးနွယ်ပျက်သုဉ်းပျောက်ကွယ်သွားမယ့် အခြေနေကိုပါ ရောက်ရှိလာနိုင်ပါတယ်။ ထိုအခြေနေတွေကို ပြောင်းလဲပေးနိုင်ဖို့ရန်နည်းလမ်းကို သိပ္ပံပညာရှင်တွေက ရှာတွေ့ခဲ့ပြီး ဒီနည်းလမ်းဟာ လူသားအားလုံးကို ယခုထက်ပိုမိုကောင်းမွန်တဲ့ဘဝတွေ ပိုင်ဆိုနိုင်မှာသေချာတယ်ဆိုတဲ့ ကတိကိုကြေငြာလိုက်ပါတော့တယ်။ သူတို့တွေ ရှာတွေ့ခဲ့တဲ့နည်းလမ်းကတော့ လူသားတွေရဲ့ ယခုလက်ရှိခန္ဓာကိုယ် size အရွယ်အစားကို ၅လက်မသာသာလောက်ဘဲ ရှိတော့အောင် ပြောင်းလဲပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ ပိုမိုကောင်းမွန်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေကြောင့် Paul နဲ့ Audrey တို့ဇနီးမောင်နှံဟာ သေးငယ်တဲ့ ကမ္ဘာလေးမှာ အတူနေထိုင်ဖို့ ဆုံးဖြတ်လိုက်ကြပြီး သူတို့ရဲ့နေထိုင်ရမယ့် ပတ်ဝန်းကျင်ကို ပြောင်းရွေ့လာကြရာ ဆုံးဖြတ်ချက်မခိုင်မာတဲ့ ဇနီးကြောင့် Downsizing ဘဝသို့ပြောင်းလဲရယူလိုက်ပြီဖြစ်တဲ့ Paul တစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို tralier မှာကြည့်ရင်း မကြာခင်ရုံတင်တော့မယ့်အချိန်ကို ရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရှု့အားပေးလိုက်ကြရအာင်….

Leave a Reply

Your email address will not be published. Required fields are marked *