Dwayne Johnson နဲ့တွဲဖက်ပြီးဇာတ်ကားရိုက်ကူးသွားမယ့် Gal Gadot

မောင်လေးတို့ရဲ့မမကြီး လို့ချစ်စနိုးခေါ်ကြ၊ ကောင်လေးတွေအသဲစွဲဝန်းရံကြတဲ့ DC ရဲ့ဟီးရိုးမမ Wonder Woman လေးဖြစ်တဲ့ Gal Gadot ဟာ မင်းသားကြီး Dwayne Johnson နဲ့အတူ Red Notice ဆိုတဲ့ ဇာတ်ကားသစ်မှာ ဝင်ရောက်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။ ဒါဟာ Gal Gadot အတွက် အောင်မြင်ပြီးမှ DC ရုပ်ရှင်မဟုတ်တဲ့ဇာတ်ကားမှာ ပထမဆုံးသရုပ်ဆောင်ခြင်းဖြစ်တယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ Gal ဟာ DC ရဲ့ Wonder Women 2 ရုပ်ရှင်ဇာတ်ကားကို Diana Prince နေရာကနေသရုပ်ဆောင်ရိုက်ကူးလျှက်ရှိပါတယ်။

သူမရိုက်ကူးဖို့လက်ခံလိုက်တဲ့ Red Notice ဇာတ်ကားရဲ့ဒါရိုက်တာဖြစ်သူ Rawson Thurber ကိုယ်တိုင် လန်ဒန်ကိုသွားရောက်ကာ Gal နဲ့တွေ့ဆုံပြီးဒီဇာတ်ကားကိုရိုက်ကူးဖို့ပြောဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။Red Notice ဇာတ်ကားမှာ Gal ရဲ့ ဇာတ်ကောင်ကတော့ ထက်မြက်ပြီးလှိူ့ဝှက်တတ်သူတစ်ယောက်အနေနဲ့သရုပ်ဆောင်သွားရမှာဖြစ်ပါတယ်။မကြာခင် Skyscraper ရုပ်ရှင်နဲ့ပရိသတ်ရှေ့ရောက်လာဦးမယ့် နာမည်ကျော် အက်ရှင်မင်းသား Dwayne Jonnson ခေါ် The Rock, Gal Gadot တို့နဲ့အတူ Red Nocitce ဇာတ်လမ်းမှာ တတိယ အမျိုးသားဇာတ်ကောင်တစ်ဦးပါဝင်ဦးမှာဖြစ်ပေမယ့် ဘယ်သူဘယ်ဝါဆိုတာကိုတော့ မသိရသေးပါဘူး။ တတိယဇာတ်ကောင်အတွက်သရုပ်ဆောင်ကို မရွေးချယ်ရသေးတာလည်း ဖြစ်နိုင်ပါတယ်။

Red Notice ဇာတ်လမ်းဟာ အက်ရှင်၊ ဟာသ၊ ရာဇဝတ်မှုအခြေခံသဲထိတ်ရင်ဖို ဇာတ်လမ်းဖြစ်တတ်လို့သိရပေမယ့် ဇာတ်လမ်းအကျဉ်းကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ ဒီဇာတ်လမ်းကို စတင်ရိုက်ကူးသွားမယ့်ရက်ကတော့ ၂၀၁၉ခုနှစ်၊ ဧပြီလမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ရုံတင်ရက်ကိုတော့ ၂၀၂၀၊ ဇွန်လထဲမှာပြသမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇာတ်လမ်းကို ထုတ်လုပ်သွားမယ့် ကုမ္ပဏီက Universal ကုမ္ပဏီကပါ။

ဒါကတော့ မမ Gal ကိုချစ်ကြသူတွေအတွက် သူမကို Wonder Woman အနေနဲ့မဟုတ်ပဲ အခြားဇာတ်ကောင်နေရာကနေခံစားကြည့်ရှူခွင့်ရမယ့် အခွင့်အရေးပါပဲ။ ၂၀၂၀ မှပြသမှာဆိုတော့ နှစ်နှစ်တောင်လိုသေးတာမို့ စောင့်ရဦးမှာပေါ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *