July လထဲမှာ ဖန်သားပြင်ပေါ်မှာ ထပ်မံတွေ့ရှိရဖို့ရှိတဲ့ Dwayne Johnson

skyscraper

မြန်မာပရိသတ်တွေကြားမှာ ‘The Rock’ အနေနဲ့ နာမည်ကြီးတဲ့ မင်းသား Dwayne Johnson ပါဝင်တဲ့ Rampage ဇာတ်ကားကို April လထဲမှာ ရုံတင်ခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်ကားက ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ July လထဲမှာတော့ နောက်ထပ် သည်းထိတ်ရင်ဖိုကားတစ်ကားဖြစ်တဲ့ Skyscraper ကိုရုံတင်ဦးမှာဖြစ်ပါတယ်။

 

ဒီဇာတ်ကားထဲမှာတော့ Dwayne Johnson က FBI က ဓားစာခံကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟောင်း၊ Hong Kong က “The Pearl” ဆိုတဲ့ အမြင့်ဆုံးနဲ့ အလုံခြုံဆုံးဆိုတဲ့ မိုးမျှော်တိုက်ကြီးရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင် Will Sawyer အနေနဲ့ ပါဝင်ထားပါတယ်။ သူနဲ့သူ့မိသားစုအပြင် တခြားလူတွေအများကြီးနေထိုင်တဲ့ ဒီမိုးမျှော်တိုက်ကြီးရဲ့လုံခြုံရေးက ယိုပေါက်တွေရှိနေကြောင်း Sawyer ကပြောပေမယ့် သူ့အထက်လူကြီးတွေကတော့ သူ့စကားကိုမယုံကြပါဘူး။ နောက်ပိုင်းကျတော့ Sawyer စိတ်ပူနေတဲ့အတိုင်း အဲဒီမိုးမျှော်တိုက်ကြီးကို စစ်သွေးကြွတွေ လာဖျက်ဆီးကြပါတော့တယ်။ ဒီအခါ တိုက်ပေါ်က လူတွေကို အန္တရာယ်ကင်းအောင်လုပ်ပေးဖို့တာဝန်က လုံခြုံရေးခေါင်းဆောင်ဖြစ်တဲ့ Sawyer ခေါင်းပေါ်ရောက်လာပါတယ်။ ပြဿနာတွေကိုလိုက်ဖြေရင်းရှင်းနဲ့ နောက်မှ စစ်သွေးကြွတွေက သူ့ကိုလာရှာတာဖြစ်ကြောင်းသိလိုက်ရပြီး သူသိပ်ချစ်ရတဲ့သူ့မိသားစုကလည်း တိုက်မီးလောင်တဲ့အထဲမှာ ပိတ်မိသွားတဲ့အခါ….

 

Skyscraper ဇာတ်ကားကိုတော့ US မှာ July လ ၁၃ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး ဒီမှာလည်း ၁၃ရက်ဝန်းကျင်မှာရုံတင်မှာမို့ The Rock ရဲ့ပရိသတ်တွေရော၊ သည်းထိတ်ရင်ဖို action ကားတွေကိုအကြိုက်တွေ့တဲ့ moviesfan ပရိသတ်တွေပါ လက်လွှတ်မခံဘဲ သွားကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *