Ed Sheeran ရဲ့ Documentary ရုပ်ရှင် “Songwriter”

အဆိုတော် Ed Sheeran ရဲ့ သီချင်းတွေက ဘယ်လိုမွေးဖွားလာကြတာလည်း..
လူတွေရဲ့ ရင်ထဲထိ စိမ့်ဝင်သွားစေတဲ့ သူ့ရဲ့သီချင်းစာသားလေးတွေက ဘယ်လိုပေါက်ဖွားလာကြတာလည်း..
အဲဒါတွေအားလုံးကို Ed Sheeran ရဲ့ documentary ဖြစ်တဲ့ “Songwriter” မှာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ဒီ documentry ရုပ်ရှင်ကို Ed Sheeran ရဲ့ cousin ဖြစ်သူ ဒါရိုက်တာ Murray Cummings က ၂၀၁၅ ခုနှစ်ကနေ မနှစ်က ‘Divide’ Album ထွက်ရှိပြီးတဲ့အထိ ၂ နှစ်တာကာလအတွင်းက အဖြစ်အပျက်တွေကို မှတ်တမ်းတင်ရိုက်ကူးပေးထားတာဖြစ်ပါတယ်။
Cummings က ဒီ documentry ထဲမှာ Sheeran ရဲ့ hit သီချင်းတွေအတွက် idea စရတဲ့ အခိုက်အတန့်လေးတွေကို အမိအရရိုက်ကူးပြထားတယ်လို့ Variety နဲ့တွေ့ဆုံစဉ်က ထုတ်ဖော်ပြောကြားထားပါတယ်။ သူ့အနေနဲ့ ပရိသတ်တွေမြင်တွေ့နေကျ Sheeran ၊ လူတွေ သည်းသည်းလှုပ်အော်ဟစ်ကြိုဆိုရတဲ့ Superstar Sheeran မဟုတ်ပဲ ကိုယ်ဝါသနာပါရာကိုပဲ တစိုက်မတ်မတ်လုပ်နေတတ်တဲ့ နေ့စဉ်ဘဝထဲက Sheeran ရဲ့ပုံရိပ်တွေကို ရိုက်ကူးမှတ်တမ်းတင်ထားတာ ဖြစ်တယ်လို့ ဆိုထားပါသေးတယ်။
“Songwriter” ကို လက်ရှိကျင်းပနေတဲ့ ဘာလင်ရုပ်ရှင်ပွဲတော်မှာ World Premiere အနေနဲ့ စတင်ပြသသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာ ပြသမယ် မပြသဘူးဆိုတာကိုတော့ မသိရှိရသေးပါဘူး။
Leave a Reply