ဖိအားတွေအကြောင်း ဖွင့်ဟလာခဲ့တဲ့ Ellen Page

2014 ဖေဖော်ဝါရီလမှာကျင်းပခဲ့တဲ လူအခွင့်အရေး Campaign တစ်ခုမှာ မင်းသမီး Ellen Page က သူဟာ ဂေး တစ်ယောက်ပါဆိုပြီး လူသိရှင်ကြား ထွက်လာခဲ့တာကို အားလုံးသိကြမှာပါ။ Ellen ရဲ့ 2015 မှာ ထွက်ရှိလာမယ့် Freeheld ဇာတ်ကားထဲက ကာရိုက်တာအတိုင်းပေါ့။ အခုဆိုရင်တော့ Ellen က Dancer နဲ့ Choreographer တစ်ယောက်ဖြစ်တဲ့ Emma Portner လက်ထပ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက် ရှိပါတယ်။

 

 

View this post on Instagram

 

Thank you @gaytimesmag

A post shared by @ ellenpage on

 

 

ဒါပေမယ့် Net-a-Porter နဲ့လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ Ellen က သူ့ရဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့နောက်ကွယ်က ခက်ခဲမှုတွေ အကြောင်းကို ဖွင့်ဟပြောလာခဲ့ပါတယ်။ ဒါကတော့ တခြားမဟုတ်ပါဘူး။ သူ့ရဲ့ ဟောလီးဝုဒ်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖိအားတွေပါပဲ။ Ellen က သူမကိုယ်တိုင်က ဂေးတစ်ယောက်ဆိုတာကို သိပါတယ်။ လက်လည် လက်ခံထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို သူ့ရဲ့ career ကို ခိုင်မြဲချင်ရင် မိန်းကလေးတစ်ယောက်အနေနဲ့သာ နေသင့်ကြောင်းတွေ ဖိအားပေးလာခဲ့ပါတယ်။

 

 

 

View this post on Instagram

 

when they call you ordinary Vanya. Number 7. Feb 15 @umbrellaacad @netflix

A post shared by @ ellenpage on

 

 

” ကျွန်မစ,စဦးဆုံး နာမည်ကြီးခါစ အချိန်တုန်းက ဒီရုပ်ရှင်နယ်ပယ်ထဲက လူတွေက ကျွန်မကို ပြောပါတယ်။ လူတွေက နင် ဂေးတစ်ယောက်ဆိုတာကို သိလို့ မဖြစ်ဘူး ဆိုပြီးတော့ပေါ့။ အမြဲတမ်း ကိစ္စတော်တော်များများမှာ ဖိအားပေးခံခဲ့ရပါတယ်။ ပွဲတွေ ဓာတ်ပုံရိုက်ကွင်းတွေမှာကအစ ဂါဝန်တွေ ဒေါက်မြင့်ဖိနပ်တွေပဲ ပေးဝတ်ပါတယ်။ Lesbians တွေက ဂါဝန်တွေနဲ့ဒေါက်မြင့်ဖိနပ်တွေ မဝတ်သလိုမျိုးပေါ့။ ”

 

 

 

View this post on Instagram

 

A post shared by @ellenpage on

 

 

Ellen က သူရဲ့ sexuality ကို ဖော်ထုတ်ပြီးကတည်းက Into the Forest with Westworld‘s Evan Rachel Wood, Netflix’s Tallulah, The Cured, Flatliners စတဲ့ ကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။ အခုတော့ Netflix ရဲ့ The Umbrella Academy မှာ အဓိကသရုပ်ဆောင် အနေနဲ့ သရုပ်ဆောင်နေလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *