မကြာမီထွက်မယ့် ‘Black Panther’ ရုပ်ရှင်ရဲ့ Rotten Tomatoes ရမှတ်ကို လျှော့နည်းအောင်ကြံဆောင်တဲ့ Group ကို Facebook ကဖျက်သိမ်း

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရတော့မယ့်အဖြစ်ပါ။ ဖြစ်ပုံကဒီလိုပါ…

 

ဖေဖော်ဝါရီ ၁ ရက်နေ့တုန်းက Marvel Studio News ရဲ့ ထုတ်ပြန်ချက်အရဆိုရင် Marvel ရဲ့မကြာမီထွက်ရှိတော့မယ့် Black Panther ရုပ်ရှင်ကို Review Rating website တစ်ခုဖြစ်တဲ့ Rotten Tomatoes မှာ Bad Review တွေပေးဖို့ကြံစည်ခဲ့ကြတဲ့ DC fan တွေရဲ့ Group ကို Facebook ကနေ ဖျက်သိမ်းလိုက်တယ်ဆိုတာပါပဲ။

 

Down With Disney’s Treatment of Franchises and its Fanboys” လို့အမည်ရတဲ့အဆိုပါအဖွဲ့ဟာ Black Panther ရုပ်ရှင်ကို rating နိမ့်နိမ့်ပဲပေးဖို့ event တစ်ခုဖန်တီးခဲ့ပါတယ်။ အဆိုပါအဖွဲ့ရဲ့အဆိုအရဆိုရင် DCEU ရဲ့ရုပ်ရှင်တွေ rating နည်းရတာဟာ Disney ရဲ့စနက်မကင်းတာကြောင့် လက်စက်ပြန်ချေခြင်းဖြစ်တယ်လို့ သိရပါတယ်။ Star Wars: The Last Jedi ရဲ့ Audience Rating နည်းရတာကလည်း သူတို့လက်ချက်ဖြစ်တယ်လို့ ကြေညာထားပါသေးတယ်။ Black Panther ပြီးနောက် Infinity War နဲ့ Netflix Show တွေကိုပါ အဲဒီလိုဆက်လုပ်သွားဦးမှာလို့ ပြောကြားထားပါတယ်။ စာကြွင်းအနေနဲ့ အဲဒီ event ကနေတစ်ဆင့် Marvel fan တွေကို ရုပ်ရှင် spoiler တွေဖြန့်ချိဖို့လုပ်ဆောင်မယ်လို့လည်း ဖော်ပြထားပါသေးတယ်။

 

Facebook ကတော့ ဒါဟာ သူတို့ရဲ့ community standards နဲ့မကိုက်ညီတဲ့အတွက် ဒီ group ကို ဖျက်သိမ်းရတာပါလို့ ပြောကြားထားပါတယ်။ သူတို့အနေနဲ့ Facebook ကို လူတွေအမြင်ဖလှယ်တဲ့ နေရာတစ်ခုဖြစ်စေချင်ပြီး hate speech တွေ၊ bully လုပ်တာတွေကို သည်းခံသွားမှာမဟုတ်ဖူးလို့ ဆိုထားပါတယ်။

 

Rotten Tomatoes ကလည်း သူတို့ဟာ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ကွဲပြားတဲ့အမြင်တွေကို တန်ဖိုးထားပေမယ့် သူတစ်ပါးပျက်စီးရာပျက်စီးကြောင်း ရည်ရွယ်တဲ့ hate speech တွေကိုတော့ လုံးဝသည်းခံသွားမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ သူတို့အနေနဲ့ ဒီလိုမျိုးပြုလုပ်မယ့် user တွေကို သူ့ရဲ့ website ကနေပိတ်ပင်သွားမှာဖြစ်ပြီး သူတို့တွေရေးသားသွားတဲ့ comment တွေကိုလည်း အမြန်ဆုံး ဖျက်သွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

 

We at Rotten Tomatoes are proud to have become a platform for passionate fans to debate and discuss entertainment and we take that responsibility seriously. While we respect our fans’ diverse opinions, we do not condone hate speech. Our team of security, network and social experts continue to closely monitor our platforms and any users who engage in such activities will be blocked from our site and their comments removed as quickly as possible.

 

Review Rating တွေဟာ ဇာတ်ကားတစ်ခုရဲ့ဝင်ငွေအပေါ် အနည်းနဲ့အများသက်ရောက်မှုရှိတယ်ဆိုတာကတော့ အမှန်ပါပဲ။ သူဟာသူမကောင်းလို့ rating အညံ့တွေရတာပြဿနာမရှိပေမယ့် ပုဂ္ဂိုလ်စွဲကြောင့် တမင်လုပ်ကြံတာကတော့ ကိုယ်ကျင့်တရားမကောင်းတာဖြစ်သွားပါပြီ။ DC ချစ်သူတိုင်းက ဒီလိုမျိုးမဟုတ်ပေမယ့် ဒီလိုလူတစ်စုကြောင့် DC fan တွေ နေရင်းထိုင်ရင်း နာမည်ထိခိုက်သွားရတာတော့ အမှန်ပါပဲ။

Ref: (1), (2)

Leave a Reply

Your email address will not be published. Required fields are marked *