“Fantastic Beasts: The Crimes of Grindelwald” ရဲ့ ပထမဆုံး Trailer ထွက်ပြီ

fantastic-beasts-the-crimes-of-grindelwald_JYW0lo

ကြေညာထားတဲ့အတိုင်းပဲ ဒီနေ့မှာ Fantastic Beasts 2 ရဲ့ ပထမဦးဆုံး Full Trailer ထွက်ရှိလာပါပြီ။ Trailer ကိုကြည့်လိုက်ရတာ လပေါင်းများစွာစောင့်ဆိုင်းလာရတဲ့အမောတွေ တစ်ခါတည်းတန်းပျောက်သွားရလောက်အောင်ကို ကျေနပ်အားရမိပါတယ်။

 

Fantastic Beasts ဇာတ်လမ်းတွဲဟာ Harry Potter ရဲ့မှော်လောကကြီးနဲ့ ဆက်စပ်နေတယ်လို့ဆိုပေမယ့် ပထမဇာတ်ကားမှာတုန်းက Harry Potter ဇာတ်လမ်းနဲ့ တိုက်ရိုက်ကြီးဆက်နွယ်နေတာမျိုး မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် သင်မျှော်လင့်တောင့်တနေတာတွေက ဒုတိယဇာတ်ကားဖြစ်တဲ့ Fantastic Beasts: The Crimes of Grindelwald မှာလာပါပြီ။ ဒီတစ်ကြိမ်မှာတော့ Potterheads တွေရဲ့ ဒုတိယအိမ်ဖြစ်တဲ့ Hogwarts ကျောင်းတော်ကြီးကို သွားရောက်ရမှာဖြစ်သလို နုနုပျိုပျိုနဲ့ Albus Dumbledore (Jude Law) ကိုလည်း မြင်တွေ့ကြရဦးမှာဖြစ်ပါတယ်။ Trailer ထဲမှာ အဲ့နှစ်ကွက်ကို ကျကျနနပြသွားတော့ အားရချက်ပါပဲ။

 

fantastic-beasts-the-crimes-of-grindelwald

fantastic-beasts-the-crimes-of-grindelwald

 

The Crimes of Grindelwald ဟာ ပထမဇာတ်ကား အဆုံးသတ်သွားတဲ့နေရာကနေ ဇာတ်လမ်းဆက်ထားတာဖြစ်ပါတယ်။ လူဆိုးကြီး Gellert Grindelwald (Johnny Deep) ကို မင်းသား Newt Scamander (Eddie Redmayne) အကူအညီနဲ့ဖမ်းမိခဲ့ပေမယ့် အခန့်မသင့်ပဲ လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Grindelwald ဟာ တပည့်တပန်းတွေ လိုက်လံစုစည်းပြီး မှော်လောကတစ်ခုလုံးကို လက်ဝါးကြီးအုပ်ဖို့ကြိုးစားမှာဖြစ်ပါတယ်။ ဒါကို Newt က သူ့ရဲ့ဆရာဟောင်းဖြစ်သူ Dumbledore အကူအညီနဲ့ တားဆီးကြမှာဖြစ်ပါတယ်။

 

ကဲ.. ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူး.. Trailer လေးကို ခံစားကြည့်လိုက်ပြီး ကြိုတင်ရင်ခုန်ထားလိုက်ကြရအောင်လား။ The Crimes of Grindelwald ကို လာမယ့်နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြသသွားမှာဖြစ်ပါတယ်။ ပြသဖို့ ၈ လလောက်လိုသေးတယ်ဆိုပေမယ့် တဖြည်းဖြည်းနဲ့တော့ နီးကပ်လာပါပြီ။ 😆

 

Leave a Reply

Your email address will not be published. Required fields are marked *