Anastasia Steele ကိုယ်ဝန်ရှိနေကြောင်းဖော်ပြလိုက်တဲ့ ‘Fifty Shades Freed’ ရဲ့နောက်ဆုံးထွက် Trailer

Universal Pictures က နှစ်သစ်ကို ‘Fifty Shades Freed’ ရဲ့ trailer အသစ်နဲ့ကြိုဆိုလိုက်ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ကလွှင့်တင်ခဲ့တဲ့ အဲဒီ trailer ဟာ ပထမထွက်ရှိထားတဲ့ trailer မှာပါတဲ့ပြကွက်တွေကိုပြန်လည်အသုံးပြုထားပေမယ့် ဗီဒီယိုရဲ့နောက်ဆုံး ၅ စက္ကန့်လောက်မှာ အသစ်စက်စက်ပြကွက်တစ်ခုပါဝင်လာခဲ့ပါတယ်။ အဲဒါကတော့ ဆရာဝန်က Anastasia Steele ကို “It seems you are pregnant, Mrs. Grey” လို့ပြောလိုက်တာပဲဖြစ်ပါတယ်။

ဟုတ်ပါတယ်.. Fifty Shades Trilogy ရဲ့နောက်ဆုံးဇာတ်ကားဖြစ်တဲ့ ‘Fifty Shades Freed’ မှာ Anastasia Steele နဲ့ Christian Grey တို့က လက်ထပ်လိုက်ကြပြီဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ချစ်ခရီးလမ်းက ထင်ထားသလိုမဖြောင့်ဖြူးပါဘူး။ Ana ရဲ့ သူဌေးဟောင်း Jack Hyde က Ana ကို လိုက်လံနှောင့်ယှက်သလို Christian Grey ရဲ့ အိပ်မက်ဆိုးကြီးဖြစ်တဲ့ Elena ကလည်း တစ်ဖန်ပြန်လည်အသက်ဝင်လာပါတယ်။ ဒီဇာတ်ကားမှာ Christian နဲ့ Ana တို့နှစ်ယောက် ကြုံတွေ့လာရတဲ့အခက်အခဲတွေကို ဘယ်လိုလက်တွဲရင်ဆိုင်ကြမလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။

Fifty Shades Freed ထဲက Christian နဲ့ Ana တို့ရဲ့ ခပ်ပြင်းပြင်းချစ်ကြိုက်ခန်းတွေကို ဖေဖော်ဝါရီလ ၉ ရက်နေ့ကျရင် ပိတ်ကားပေါ်မှာကြည့်ရှုခံစားလို့ရတော့မှာဖြစ်လို့ Fifty Shades series ရဲ့ပရိသတ်တွေ အများကြီးစောင့်စရာမလိုတော့ပါဘူး။ 😉 😝

Leave a Reply

Your email address will not be published. Required fields are marked *