တဖြည်းဖြည်းနဲ့ အကောင်အထည်ပေါ်လာပြီဖြစ်တဲ့ Flash Movie : ‘Flashpoint’

ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေးဆရာတွေ ဝင်လိုက်ထွက်လိုက်နဲ့ စမ်းတဝါးဝါးဖြစ်နေတဲ့ Warner Bros ရဲ့ Flash Movie ဟာ နောက်ဆုံးတော့ အကောင်အထည်ပေါ်လာပြီလို့ဆိုလို့ရပါပြီ။ ဒါရိုက်တာတွေအလီလီပြောင်းပြီးတဲ့နောက် နောက်ဆုံးရွေးချယ်ဖို့ တာစူခံနေရတာကတော့ Spider-Man: Home Coming ရဲ့ဇာတ်ညွှန်းရေးဆရာတွေဖြစ်တဲ့ John Francis Daley နဲ့ Jonathan Goldstein တို့အတွဲဖြစ်ပါတယ်။

Daley နဲ့ Goldstein တို့အတွဲဟာ Horrible Bosses ရဲ့ဇာတ်ညွှန်းကို ရေးသားပေးခဲ့သူတွေဖြစ်ပြီး လာမယ့်ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာရုံတင်မယ့်ဟာသကား Game Night မှာ ဒါရိုက်တာအဖြစ်တာဝန်ယူခဲ့သူတွေဖြစ်ပါတယ်။ Flashpoint ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ လောလောဆယ်အချိန်မှာ ညှိနှိုင်းဆဲအဆင့်ပဲရှိသေးတယ်လို့သိရှိရပြီး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Warner Bros က မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိပါဘူး။

ဒီရုပ်ရှင်ထဲက Flash ကို Justice League ထဲက Barry Allen/The Flash ရဲ့သရုပ်ဆောင် Ezra Miller ကပဲ ပြန်လည်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Gal Gadot (Wonder Woman) နဲ့ Ray Fisher (Cyborg) တို့ရဲ့ cameo ကိုမြင်တွေ့ရနိုင်တယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။ လောလောဆယ်အချိန်မှာတော့ Flashpoint ထွက်ရှိမယ့်ရက်အတိအကျကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Ref: Hollywood Reporter

Leave a Reply

Your email address will not be published. Required fields are marked *