Motivation ကောင်းကောင်းပေးနိုင်တဲ့ Flying Colors

လူတိုင်းမှာ စိတ်ဓာတ်ကျတာတွေကတော့ ရှိတတ်ကြတာပါပဲ။ ဒါကတော့ လူ့သဘာဝပါ။ ဒါပေမဲ့ ဒီလို စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ ပြန်ပြီး Motivation ပေးနိုင်တဲ့ စာအုပ်ပဲ ဖြစ်ဖြစ် ရုပ်ရှင်ပဲဖြစ်ဖြစ် သီချင်းပဲဖြစ်ဖြစ် တစ်ခုခုတော့ လိုအပ်တာအမှန်ပါ။ အခုကတော့ စာမေးပွဲတွေလည်းနီး စာတွေနဲ့ လုံးပန်းနေရလို့ အရှုံးပေးချင်စိတ်တွေပေါက်လာပြီဆို ကြည့်သင့်တဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Flying Colors ပါ။ ဂျပန်ကားကောင်းလေးတစ်ခုဖြစ်ပြီးတော့ IMDb rating မှာလည်း 7.5 အထိရထားတာဆိုတော့ ကားကောင်းတစ်ကားဆိုတာ အသေအချာပဲနော်။
ငယ်ငယ်လေးထဲက သူငယ်ချင်းမရှိတဲ့ Sayaka လေးဟာ ကျောင်းတွေပြောင်းလာရင်းကနေပြီးတော့ မဲရန်မိန်းကလေးကျောင်းကို ရောက်သွားတဲ့အချိန်မှာ သူ့ရဲ့ဘဝလေးက ပြောင်းလဲခဲ့ပါတယ်။ သူငယ်ချင်းတွေလည်းရပြီးတော့ တက်တက်ကြွကြွ ဖြစ်လာခဲ့တယ်။ မဲရန်အထက်တန်းကျောင်းက ဝင်ခွင့်ရတယ်ဆိုရင် အထက်တန်း တက္ကသိုလ် အထိ အေးအေးလူလူတက်သွားလို့ရတဲ့ ကျောင်းမျိုးပါ။ အဲ့ဒီကျောင်းမှာ တက်နေရင်း Sayaka တစ်ယောက် အထက်တန်းရောက်တဲ့အချိန် အတန်းရဲ့ ဘိတ်ဆုံးဆိုတဲ့အခန်းကိုရောက်သွားတယ်။
တနေ့ သူဆေးလိပ်သောက်တာမိသွားလို့ ကျောင်းအကန့်အသတ်မရှိနားခံရတဲ့အချိန်မှာ သူ့ဘဝက ပြောင်းလဲဖို့စတင်ခဲ့တယ်ပေါ့။ ကျူရှင်သင်တဲ့ဆရာတစ်ယောက်ဆီမှာ သူ့အမေက Sayaka လေးကို သွားထားတယ်။ ဆရာကလည်း စာဘယ်လိုသင်ရမလဲသိတဲ့အတွက် Sayaka က စာလုပ်ရတာပျော်လာတယ်။
အဲ့လိုနဲ့ ဂျပန်ရဲ့ နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ ကဲအို ကို ဝင်အောင်လုပ်မယ်ဆိုပြီးတော့ Sayaka ဆုံးဖြတ်ချက်ချခဲ့တယ်။ Keio ကျောင်းက လာရောက်တဲ့ လူဦးရေရဲ့ ၂ % လောက်သာ ဝင်ခွင့်ရတဲ့ ကျောင်းတစ်ကျောင်းပါ။ ဒီလိုကျောင်းကို တကျောင်းလုံးရဲ့ဘိတ်ဆုံးအခန်းက Sayaka ဝင်နိုင်မလားဆိုတာရယ် Sayaka ရဲ့မိသားစုအကြောင်းရယ် ကို ပုံဖော်ထားတဲ့ Drama ကားကောင်းလေးတစ်ကားပါ။ Sayaka အမေရဲ့ စိတ်ဓာတ်ခံယူချက်တွေက လည်း တကယ်အတုယူဖွယ်လေးတွေပါ။
ဒီကားလေးမှာ မင်းသမီးချောလေး Kasumi Arimura က ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဆရာနေရာကနေ Atsushi Itoo ကလည်း အပီအပြင်ပံ့ပိုးပေးနိုင်တာကို တွေ့ရမှာပါ။ တစ်ခုခုကို မလုပ်နိုင်လို့ စိတ်ညစ်နေတယ်ဆို ဒီကားလေးကို ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်…
Leave a Reply