Social Media ပေါ်ကို ဦးဦးဖျားဖျား ရောက်ရှိလာခဲ့တဲ့ Game of Thrones: Final Season ပုံရိပ်များ

၇ နှစ်ပြည်တောင် ပုလ္လင်ကို လုကြတဲ့ဘုရင်အသီးသီးရဲ့ အကြောင်းကို စိတ်ကူယဉ်ရိုက်ကူးထားတဲ့ Game of Thrones Series ဟာ ၂၀၁၁ ဧပြီလ ၁၇ ရက်နေ့ကတည်းကစပြီး တစ်ကမ္ဘာလုံးက ရုပ်ရှင်ချစ် ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာပါ။ အဲဒီနောက် Game of Thrones ဇာတ်လမ်းတွဲတွေဟာ ဆင့်ကဲဆင့်ကဲ အောင်မြင်မှုတွေနဲ့ တစ်နှစ်ကို Season တစ်ခုဆိုသလို ဆက်တိုက် ချီတက်လာခဲ့ကြတာကိုလည်း အားလုံး သိပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။

 

View this post on Instagram

New photo for Game of Thrones season 8!

A post shared by Kit Harington (@kitharingtonig) on

 

 

ဖေဖော်ဝါရီလ ၆ ရက်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ Game of Thrones ဇာတ်လမ်းတွဲတွေကို ပင်တိုင် ထုတ်လွှင့်ပေးနေကျဖြစ်တဲ့ HBO ဟာ social media ပေါ်မှာ ဓာတ်ပုံတချို့ တင်ခဲ့တာကို တွေ့ရပါတယ်။ သူတို့တင်ခဲ့တဲ့ ပုံတွေက တခြားတော့ မဟုတ်ပါဘူး။ ဒီ ၂၀၁၉ ခုနှစ်ထဲမှာဆိုရင် ၈ ခုမြောက် Season ကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ Game of Thrones ဇာတ်လမ်းတွဲအသစ်ထဲက သရုပ်ဆောင်တွေရဲ့ ပုံရိပ်တချို့ပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

New #GoTSeason8 stills!! via @daenerystargaryen

A post shared by Kit Harington (@kitharingtonig) on

 

 

Game of Thrones ဇာတ်လမ်းတွဲတွေဟာ စာရေးဆရာ George R. R. Martin ရဲ့ A Song of Ice and Fire ဆိုတဲ့ ဇာတ်လမ်းရှည်ကြီးကို အခြေခံထားပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အခု Nikolaj Coster- Waldau, Kit Harington, Liam Cunningham, Peter Dinklage, Sophie Turner, Maisie Williams စတဲ့ အဓိက သရုပ်ဆောင်တွေနဲ့ တခြား သရုပ်ဆောင်တွေရဲ့ ပုံရိပ်တွေ ထွက်လာခဲ့တဲ့ Game of Thrones: Season 8 ဟာ အဲဒီ ဇာတ်လမ်းတွဲရှည်ကြီးရဲ့ နောက်ဆုံးပိတ်လည်း ဖြစ်တယ်လို့ သိရပါတယ်။

 

 

View this post on Instagram

First photos from Season 8! 🔥🔥 via @HBO

A post shared by Game of Thrones (@gameofthronesnotofficial) on

 

 

ကမ္ဘာတစ်ဝှမ်းက ကြည့်ရှုသူ ပရိသတ်တွေကို ကြည့်ပြီးရင်း ဆက်ကြည့်ချင်စိတ်တွေ ပေါ်လာအောင် တသသနဲ့ စွဲမက်စေခဲ့တဲ့ Game of Thrones ဇာတ်လမ်းတွဲတွေကို အိုင်ယာလန် မြောက်ပိုင်း၊ ခရိုအေးရှား၊ စပိန်၊ မိုရိုကို၊ စကော့တလန်၊ အမေရိကန်၊ ကနေဒါ၊ Malta နဲ့ Iceland စတဲ့ နေရာဒေသအစုံမှာ ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

 

 

View this post on Instagram

New GoT S8 still of Sansa! By Helen Sloan/HBO

A post shared by Sophie Turner ♡ (@sophieturner) on

 

 

အခုလို ပုံအသစ်တွေ ထွက်လာခဲ့တဲ့ Game of Thrones: Season 8 ကိုတော့ ၂၀၁၇ အောက်တိုဘာလ ကုန်ခါနီးကတည်းက စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ၂၀၁၈ ဇူလိုင်လကျမှ အပြီးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ Season 8 ဖြစ်သလို နောက်ဆုံးပိတ်လည်းဖြစ်တဲ့ ဒီ Game of Thrones ဇာတ်လမ်းတွဲအသစ်ကို HBO ကနေ စတင်ထုတ်လွှင့် ပြသမှာကတော့ ၂၀၁၉ ဧပြီလ ၁၄ ရက်နေ့ပဲ ဖြစ်တယ်လို့ သိရပါတယ်။

 

 

View this post on Instagram

New photos from Game of Thrones Season 8! ❄️🔥

A post shared by Peter Dinklage (@peterdinklage) on

 

 

လောလောဆယ်မှာတော့ Game of Thrones ဇာတ်လမ်းတွဲတွေကို စွဲလမ်းခဲ့ကြတဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေဟာ အခုလို ဦးဦးဖျားဖျားမြင်ရတဲ့ ပုံလေးတွေကိုကြည့်ရင်း ပျော်နေကြသလို၊ ဒီဇာတ်လမ်းတွဲ အသစ်ထဲမှာ ဘာတွေများ ဆက်ဖြစ်လာကြဦးမှာလဲ၊ ဘယ်လိုများ ဇာတ်သိမ်းသွားမလဲ… ဆိုတဲ့ အတွေးတွေနဲ့ စိတ်လှုပ်ရှားနေခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ဇာတ်လမ်းတွဲ စလွှင့်တော့မယ့် ရက်တွေကိုလည်း အမျှော်လင့်ကြီး မျှော်လင့်နေခဲ့ကြတာကို တွေ့နေရပါတယ်။ ။

 

 

View this post on Instagram

April 14. #ForTheThrone

A post shared by gameofthrones (@gameofthrones) on

https://www.instagram.com/p/BqcmqNJhJxn/?utm_source=ig_share_sheet&igshid=1xt8y3eo5fps5

Leave a Reply

Your email address will not be published. Required fields are marked *