ကြောက်ဖို့လည်းကောင်း စိတ်ဝင်စားစရာလည်းကောင်းတဲ့ Ghost Stories

အခုတစ်ခေါက်မှာတော့ Horror ဇာတ်ကားကောင်းတွေဘက်ကို ခေါ်သွားချင်ပါတယ်ဗျ။ Horror ဇာတ်ကားဆိုလို့ သရဲတွေလည့်ပတ်ခြောက်နေမယ့် ဇာတ်ကားမျိုးလို့ထင်ရင် မှားသွားမယ်နော်။ ကြောက်စရာလည်းကောင်းသလို တွေးစရာလည်းကောင်းမယ့် ဇာတ်ကားမျိုးဗျ။ ဒီဇာတ်ကားရဲ့ နာမည်ကို တွေ့လိုက်တာနဲ့ သရဲကားဆိုတာတော့ တန်းသိသွားမှာပါ။ ဇာတ်ကားနာမည်က Ghost Stories တဲ့ဗျ။
ဒီနှစ်ဧပြီလထဲမှာ စတင်ထွက်ရှိလာခဲ့တဲ့ Ghost Stories ဇာတ်ကားဟာဆိုရင် ၂၀၁၈ခုနှစ်ထဲမှာ စောင့်ကြည့်သွားရမယ့် Horror ကားတွေရဲ့စာရင်းမှာ ပါဝင်နေခဲ့သလို Review Rating ကလည်း 6.4 လောက်အထိကို ရရှိထားတာဖြစ်လို့ ဇာတ်ကားကောင်းတစ်ကားဆိုတာ အသေအချာကို ပြောဆိုနိုင်ပါတယ်။
ဗြိတိန်ရုပ်ရှင်ဇာတ်ကားဖြစ်လို့ နာမည်ကျော် ဗြိတိန်သရုပ်ဆောင်ကြီးများစွာ ပါဝင်ထားပြီး Andy Nyman က ဒါရိုက်တာအဖြစ် အဓိကဇာတ်ဆောင်အဖြစ်နဲ့ပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် နာမည်ကျော် မင်းသားတစ်လက်ဖြစ်သူ Martin Freeman ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။
ဇာတ်လမ်းကတော့ ကြောက်ဖို့ကောင်းနေချည်းသက်သက်ကိုသာ ပုံဖော်ထားတာမျိုးမဟုတ်ပဲ စိတ်ဝင်စားစရာကောင်းအောင်ပါ တင်ဆက်ထားတာမျိုးဖြစ်ပါတယ်။ သဘာလွန်ကိစ္စတွေဟာ တကယ်ဟုတ်မဟုတ်ဆိုတာကို ဖော်ထုတ်နေတဲ့ ပါမောက္ခ Phillip Goodman ဆိုသူဟာ ဘယ်လိုနည်းနဲ့မှ ဖြေရှင်းလို့မရနိုင်တဲ့ သဘာဝလွန် အမှုကိစ္စသုံးခု သူ့လက်ထဲကို ရောက်ရှိလာခဲ့ချိန်မှာ ဒါတွေဟာ အတုတွေလား တကယ်ဖြစ်ပျက်နေတဲ့ဟာတွေလားဆိုတာကို ဖော်ထုတ်ရမယ့် ခြောက်ခြားဖွယ်ရာ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်သိမ်းပိုင်းကိုလည်း ဘယ်လိုမှ ခန့်မှန်းမထားနိုင်တဲ့ပုံစံမျိုးနဲ့ ဇာတ်သိမ်းထားလို့ Horror ကားကောင်းကောင်းကြိုက်သူတွေ သဘောကျကြမှာ သေချာပါတယ်ခင်ဗျာ။
Leave a Reply