ဖြစ်ရပ်မှန် ကျိန်စာသင့်အိမ်တွေရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ Ghost House

ထိုင်းနိုင်ငံကို အလည်အပတ်ထွက်လာတဲ့ ချစ်သူနှစ်ဦးဟာ မကောင်းဆိုးဝါးတစ်ကောင်းရဲ့ တိုက်ခိုက်မှုကြောင့် စိတ်မကောင်းဖွယ်ရာ အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဇာတ်ကားကောင်းတကားပါ။ Horror ချစ်သူတွေ မဖြစ်မနေကြည့်သင့်တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ Los Angeles ကနေ အလည်အပတ်ထွက်လာတဲ့ ချစ်သူနှစ်ဦးဟာ Suvarnabhumi airport  ကို လေယာဉ်ဆိုက်ရောက်လာပြီး Gogo tourist guide နဲ့အတူ တည်းခိုကြမယ့် ဟိုတယ်သို့ရောက်ရှိလာကြပါတယ်။ ချစ်သူနှစ်ဉီးရဲ့ romantic dinner မှာဘဲ Jim ရဲ့လက်ထပ်ခွင့်တောင်းမှုကြောင့် ဘာနဲ့မှမလဲနိုင်တဲ့ Julie ရဲ့အပျော်တွေနဲ့ တည်ဆောက်ခဲ့တဲ့ dinner လေးကို ပိုင်ဆိုင်ခဲ့ကြပြီး ဟိုတယ်သို့ပြန်ရောက်လာချိန်မှာတော့ ဗြိတိန်နိုင်ငံသား Rob နဲ့ Bill ဆိုတဲ့ ၂ယောက်နဲ့ ခင်မင်သွားခဲ့ကြပါတယ်။ လက်ထပ်ခွင့်ရရှိတာကို ဂုဏ်ယူကြောင်း သူတို့ ၂ယောက်ကို ဒကာခံဖို့ပြောပြီး Night Out သွားကြရင်း ဘန်ကောက်မှာရှိတဲ့ နတ်စင်တွေအကြောင်းကို စကားစပ်မိခဲ့ကြပါတယ်။ နတ်စင်တွေဟာ ဓာတ်ပုံရိုက်ရန်အလွန်ကောင်းကြောင်း အတူသွားကြမယ်ဆိုပြီး invite လုပ်လိုက်ပါတယ်။

နောက်တနေ့မနက်မှာတော့ သူတို့တစ်တွေ နတ်စင်တွေများစွာရှိတဲ့ တောထဲကသုသာန်သို့ ရောက်ရှိသွားခဲ့ကြပြီး ဇာတ်လမ်းကတော့ ထိုအချိန်မှာဘဲ ဇာတ်ရှိန်ပိုတက်လာပါပြီ။ နတ်စင်တွေနားကို ရောက်ရှိသွားတဲ့ Julie တစ်ယောက်ကတော့ ကင်မရာတစ်လုံးကိုင်ပြီး ကြည့်လိုက်ချိန်မှာ spirit house ရဲ့ အတွင်းထဲက ကျောက်တုံးလေးကို ဖယ်ရှားမိလိုက်ချိန် အထဲမှ လူတစ်ယောက်က သူမကို ညို့နေသလို ရုတ်တရက်အာရုံထဲမှာ ခံစားရပြီး အတွေးတွေလွင့်မျောသွားပါတော့တယ်။ ထိုအချိန်ကောင်းကင်တစ်ခုလုံး အုံ့ဆိုင်းပြီး မကောင်းဆိုးဝါးမိန်းမတစ်ယောက်ပေါ်ထွက်လာပါတော့တယ်။ Rob နဲ့ Bill ကတော့ ကားကိုမောင်းပြီး ထွက်ပြေးသွားကြပါပြီ။ Julie တစ်ယောက်တော့ စိတ်ခြောက်ခြားသလို ပုံစံမျိုးနဲ့ ကြောင်တောင်တောင်ဖြစ်ပြီး Jim ဟာ Julie ကို တောထဲကနေကယ်တင်လွတ်မြောက်လာသောလည်း ထိုအချိန်ကစပြီး  သူမရဲ့မျက်လုံးထဲမှာ မြင်တွေ့ရသမျှအရာတွေဟာ မကောင်းဆိုးဝါးတစ်ကောင်ဘဲ ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ Ghost House ဆိုတဲ့ ဇာတ်လမ်းဟာအရှိန်အဟုန်နဲ့ အသက်ဝင်လာခဲ့ပါပြီ။ Julie တစ်ယောက်ဘယ်လို ဒုက္ခတွေထက်ခံစားရအုံးမယ် Jim ဟာသူရဲ့ဇနီးလောင်းကို မကောင်းဆိုးဝါးရဲ့ ဒုက္ခနွံထဲကနေ ဘယ်လိုတွေ အဖြေရှာပြီး ကယ်တင်အုံးမလဲဆိုတာကိုတော့  အားလုံးနဲ့အတူ ထိပ်လန့်ချင်တာကြောင့် အောက်ကရုပ်ရှင် trailer ကိုကြည့်ပြီး ဆုံးဖြတ်လိုက်ကြရအောင်……

spirit house (သို့) Ghost House (သို့) နတ်စင် ဆိုတာကတော့ အားလုံးသိအောင်အလွယ်ရှင်းပြရရင်တော့ မြန်မာလူမျိုးတို့ရဲ့ တချို့နေအိမ်ခြံဝင်းတွေထဲမှာ အမွှေးတိုင်၊ အလင်းတိုင်တွေနဲ့ ပူဇော်လေ့ရှိတဲ့ အိမ်သေးသေးလေးတွေလို ဟာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီမှာတော့ မကောင်းဆိုးဝါးလို့ မသတ်မှတ်သလို အစောင့်အရှောက်လို့တောင် သတ်မှတ်ကြပါသေးတယ်။ ထိုင်းမှာတော့ အစောင့်အရှာက်လို့ မသတ်မှတ်ပါဘူး။ ဒါပေမဲ့ ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာတော့ ထိုင်းကို သွားရမှာစိတ်ထဲမှာ ကြောက်သလိုလိုတော့ ဖြစ်မိလိုက်ပါသေးတယ်။ နောက်တခုကတော့ ထိုင်းရောက်တဲ့အခါ ဟိုတယ်တွေရှေ့နဲ့ ခြံတွေထဲမှာ ဒီလို အိမ်လေးတွေရှိတာကို သတိထားမိလိုက်တာပါဘဲ။ သူတို့ပြောပုံအရတော့ ခိုးကိုရာမဲ့နေတဲ့ ဝိဉာဉ်တွေရဲ့အိမ်ပါတဲ့နော်….။ အိမ်ကိုဒုက္ခပေးမှာဆိုးလို့ထင်ပါရဲ့ အစားအသောက်တွေ မီးတွေ အမွှေးနံ့သာတွေတောင် ပူဇော်ထားပါသေးတယ်။ အကယ်၍ ထိုင်းနိုင်ငံကို သွားမယ်ဆိုရင်တော့ အစစအရာရာဆင်ခြင်နေထိုင်ကြပါလို့ သတိလေးပေးလိုက်ချင်ပါတယ်။  ဇာတ်ကားဟာ ထိတ်လန့်စရာကောင်းယုံတင်မက အပြင်မှာ လက်တွေ့မြင်နိုင်တဲ့ အရာတွေကိုပါ အသိပညာပေးထားတာကြောင့် မသိသေးတာတွေကိုပါ ဆင်ခြင်လို့ရနိုင်ပါတယ်။

   

   

Image Source : https://www.facebook.com/pg/ghosthousemovie

Reviews

No Comments

Leave a Reply

Your email address will not be published. Required fields are marked *